
G-Form
အမည်ရှိ ကုမ္မဏီသည် အလွန်ခိုင်မာကြောင်း သက်သေပြရန် အတွက် Apple iPad
တစ်လုံးကို အာကာသ အဖျားမှ ပစ်ချပြခဲ့သည်ဟုဆိုသည်။ အာကာသမှ ပြန်ကျလာသော iPad
သည်လုံးဝ ပျက်စီးခြင်းမရှိဘဲ အကောင်းအတိုင်း အလုပ်လုပ်နိုင်သည် ဟုဆိုသည်။
Youtube ဗီဒီယိုပြကွက်တွင် iPadကို မိုးလေဝသဌာနမှ အသုံးပြုသော
မိုးပျံပူဖောင်းတွင် ချိတ်ကာ အမြင့်ပေ ၁ဝဝ,ဝဝဝ သို့ လွှတ်တင်ခဲ့ပြီးနောက်
ကမ္ဘာမြေသို့ ပြန်လည် ကျဆင်းလာပုံကို ပြသခဲ့သည်။ အဆိုပါ iPadသည် အမေရိကန်
ပြည်ထောင်စု နီဗားဒါးပြည်နယ် တောင်ကုန်းတစ်ခု ပေါ်သို့
ကျရောက်ခဲ့သည်။
ခြေရာခံကိရိယာများကို အသုံးပြုကာ အဆိုပါ iPadကို ပြန်လည်ရှာဖွေ
ယူခဲ့ပြီးနောက် အဆိုပါ iPadသည် လုံးဝပျက်စီးခြင်းမရှိဘဲ အကောင်းတိုင်း
ကျန်သည့်အပြင် လုပ်ငန်းတာဝန်များကို အပြည့်အဝ ထမ်းဆောင်နိုင်ဆဲ ဖြစ်သည်
ဟုဆိုသည်။
swesone media group
No comments:
Post a Comment