
ချစ်သူ၏ မွေးနေ့တွင် ရင်ခုန်အံ့သြစရာ လက်ဆောင်ပေးချင်သူ အသက် (၂၂) နှစ်အရွယ် ဇာအိုလီ၏ အစီအစဉ်ကြောင့် ချစ်သူခမျာ ရွှေဆွဲ ကြိုးကို မျိုချမိသည့် ဖြစ်ရပ်တစ်ခု တရုတ်နိုင်ငံ၊ ရှန်တောင်ပြည်နယ်၊ ဒါဟိုတွင် ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ ဇာအိုလီသည် ချစ်သူ၏ (၂၂) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် မွေးနေ့ လက်ဆောင်ပေးရန် ရွှေဆွဲကြိုးတစ်ကုံးကို ဒေါ်လာ (၈၀၀) ဖြင့် ၀ယ်ယူခဲ့သည်။ မွေးနေ့လက်ဆောင်ကို ရိုးရိုးတန်းတန်း ပေးရမည့် အစား အံ့သြ၀မ်းသာစေရန် ပေါင်မုန့်ထဲသို့ ထည့်ကာ လက်ဆောင်ပေးခဲ့သည်။ ၎င်း၏ချစ်သူ ၀မ်ဆူ ဆိုသူသည် မွေးနေ့လက်ဆောင်ရသည့် ပေါင်မုန့်ကို သူမလက်ထဲ ရောက်ရောက်ချင်း စကားတစ်ခွန်းမှ မပြောဘဲ စားလိုက်သည့် အတွက် တန်ဖိုးကြီးသည့် ရွှေဆွဲကြိုးကိုလည်း မျိုချမိရက်သား ဖြစ်သွားသည်။
မိန်းကလေး၏ ၀မ်းဗိုက်ထဲသို့ ရောက်ရှိ သွားသည့် ရွှေဆွဲကြိုးကို ဆရာဝန်များက ဓာတ်မှန်ရိုက်ပြီး အပြင်သို့ ထုတ်ယူရန် ကိုယ်ခန္ဓာ အတွင်းပိုင်းကြည့် ကိရိယာကို အသုံးပြုခဲ့ရသည်။ ကြံကြံဖန်ဖန် စိတ်ကူးနှင့် အံ့သြစေရန် လုပ် ဆောင်လိုက်သည့် ဖြစ်ရပ်ကြောင့် ရွှေဆွဲကြိုး ဆွဲပြီး မသက်မသာ ဖြစ်ခဲ့ရသည်။
ကလောင်လှ
သတင်းကွန်ယက်မှကူးယူဖော်ပြသည်။
No comments:
Post a Comment