ဧဒင်အချစ်ပုံပြင်: ဖေဖော်ဝါရီ ၁၃ အမှတ်တရ

Tuesday 24 January 2012

ဖေဖော်ဝါရီ ၁၃ အမှတ်တရ

မင်္ဂလာပါ..........။
မြန်မာငံရဲ့  ကယ်တင်ရှင် ၊ မြန်မာလူမျိုးတို့ ရဲ့ နိုင်ငံ့သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်းရဲ့  မွေးနေ့ လေး မကြာခင် ကျရောက်လာပါတော့မည်...........။
ထို့အတွက်ကြောင့် ဗိုလ်ချုပ်ကို အမှတ်ရနေရင်း ဗိုလ်ချုပ် ရှိစဉ်က ရိုက်ကူးထားခဲ့သော အမှတ်တရ ပုံလေးများ ရှာဖွေ စုဆောင်းထားရာမှ မန်ဘာများအတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်............။













































ပုံတွေကို တစ်ပုံချင်းတင်ရတာ အတော်လေးကို ခက်ခဲပါတယ်..ကွန်နက်ရှင်မကောင်းရင် မကောင်းသလို ခက်ခဲလို့  ခု တင်ပေးလိုက်တဲ့ ပုံတွေကို ကျေနပ်နိုင်မယ်လို့  ထင်ပါတယ်.......။

ဖေဖော်ဝါရီ ဆယ့်သုံးမှာ၊
ဗိုလ်ချုပ်မွေးနေ့ ပါ။
တစ်ထောင့်ကိုးရာ တစ်ဆယ့်ငါး၊
ရှေ့ နေဦးဖာသား။
 ဇာတိနတ်မောက် မကွေးခရိုင်၊
သိကြများခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား၊
မိခင်ဒေါ်စုသား။
တစ်ထောင်ကိုးရာ လေးဆယ့်ခွန်၊
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့  ဘဝင်ညှိုး၊
ဇူလိုင်တစ်ဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်၊
ဗိုလ်ချုပ်တို့ ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်၊
ပြည်ချစ်တို့ ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ၊
ဗိုလ်ချုပ်ချမှတ်သွား။
ကျောင်းသူကျောင်းသား ဘဝမှာ လူတိုင်း ကျက်မှတ်ခဲ့ရတဲ့ ကဗျာလေးပါ...။
အမြဲတမ်း ကြားနေရပေမဲ့ မရိုးနိုင်ပါဘူး...........။
ရွှေမြို့တော်မှတဆင့်ဖော်ပြသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...