ဧဒင်အချစ်ပုံပြင်: နားငြီးလွန်းလို့ မိကျောင်းက မြက်ရိတ်စက်ကို လုယူသွား

Saturday 7 January 2012

နားငြီးလွန်းလို့ မိကျောင်းက မြက်ရိတ်စက်ကို လုယူသွား


သြစတြေးလျနိုင်ငံ တွားသွားသတ္တဝါဥယျာဉ်ထဲ၌နေထိုင်သော အဲလ်ဗစ်အမည်ရှိ မိကျောင်းသည် တိရစ္ဆာန်ရုံ ဝန်ထမ်းများက သူ၏ကန်အနီး လာရောက်မြက်ရိတ်နေစဉ် မြက်ရိတ်စက်အသံမှာ နားမခံသာလွန်းသောကြောင့် ကုန်းပေါ်သို့ခုန်တက်ကာ မြက်ရိတ်စက်က အတင်းလုယူခဲ့သည်။ဆစ်ဒနီမြို့ရှိ တွားသွား သတ္တဝါဥယျာဉ်တွင် ရေငန်မိကျောင်းကြီးက
မြက်ရိတ်စက်ကိုလုယူကာ ကန်ထဲသို့ဆွဲချပြီး သိမ်းပိုက်သွားခဲ့သည်။ မိကျောင်းကြီးသည် သူသိမ်းပိုက်ထားသော မြက်ရိတ်စက်ပြန်မပါ သွားရေးအတွက်လည်း နာရီအတန်ကြာ စောင့်ကြည့်နေခဲ့သည်။တိရစ္ဆာန်ရုံ ဝန်ထမ်းဖြစ်သော ဖော့ကနာနှင့် သူ၏အဖော်တို့သည် မိကျောင်းကြီးထံမှ မြက်ရိတ်စက်ကို ပြန်လည်ရယူနိုင်ရေးအတွက် အပြင်းအထန် ကြိုးစားခဲ့ရသည်။
နောက်ဆုံးတွင် သူ၏အဖော်က အစာဖြင့်တစ်ဖက်သို့ မျှားခေါ်ပြီး ဖော့ကနာက ရေထဲသို့ခုန်ချကာ မြက်ရိတ်စက်ကို ပြန်လည်ရယူခဲ့ရသည်။ မိကျောင်းကြီးသည် စက်ကို ကိုက်ဆွဲထားသဖြင့် အတင်းဆွဲယူရာ မိကျောင်းမှာ သွားနှစ်ချောင်းကျိုးသွားကြောင်း သိရသည်။ မိကျောင်းကြီး၏ အလျားမှာ ငါးမီတာ(၁၆ ဒသမ ၄ ပေ)ရှိပြီး လွန်စွာကြီးမားသော မိကျောင်းတစ်ကောင်ဖြစ်ကာ အသက်မှာနှစ်၅ဝ ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

SweSone Media Group

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...