
မိုနီကုတ်ပ်ဟုခေါ်သော လှောင်အိမ်သဏ္ဌာန်ကဲ့သို့ တစုတစည်းတည်း ဖွဲ့စည်းထားသော ကိုယ်ထည်ရှိပြီး ၎င်းယာဉ်၏ကိုယ်ထည်ကို သံမဏိပိုက်လုံးများဖြင့် လှောင်အိမ်သဏ္ဌာန် တည်ဆောက်ထားသော နည်းပညာကြောင့် ခရီးသည်များကို ပိုမိုလုံခြုံမှုပေးနိုင်သည့်အပြင် ယာဉ်ပိုင်ရှင်များအတွက် လောင်စာဆီနှင့် တာယာပါးနှုန်း ပို၍သက်သာစေရန် တည်ဆောက်ထားခြင်း ဖြစ်ကြောင်းသိရသည်။
''မိုနိုကုတ်ပ် နည်းပညာကို ဘတ်စကားတွေတင် မဟုတ်ဘူး။ လေယာဉ်ကိုယ်ထည် တည်ဆောက်တဲ့ နေရာတွေလည်း သုံးတယ်။ အခုမြန်မာပြည် ဈေးကွက်အတွင်းက ယာဉ်အများစုရဲ့ ဖွဲ့စည်းပုံက အောက်ပိုင်း ဖရိန်နဲ့သံကိုယ်ထည်ကို မူလီဆွဲထားတဲ့စနစ်၊ ဒီအားနည်းချက်တွေက ဖရိန်အလေးချိန်များလို့ ဆီစားတယ်၊ တာယာစားတာတွေဖြစ်လာတာ။Young Man Busတွေရဲ့ အားသာချက်က သီးခြားရှေ့ဝင်ရိုးကို အသုံးပြုထားလို့ မြေပြင်မညီညာရင်တောင် ခရီးသည်များ၏ ငြိမ့်ညောင်းမှုကို လျော့ပါးခြင်းမရှိဘူး'' ဟု Young Man Myanmar Groupမှ တာဝန်ရှိသူတစ်ဦးက ပြည်မြန်မာဂျာနယ်သို့ ပြောကြားသည်။
No comments:
Post a Comment