ရန်ကုန်တိုင်းဒေသကြီးတွင်
 ဇနီးသည်ကို မသေမချင်းသတ်ပြီး၊ မိမိကိုယ်ကို သေကြောင်းကြံစည်ခဲ့သည့် စိတ္တဇ 
လူသတ်သမားမှာ ယခုအခါ အသက်ငွေ့ငွေ့ သာကျန်ပြီး၊ စိုးရိမ်စရာ အခြေအနေ 
ရှိနေကြောင်း ဒေသခံ ရဲတပ်ဖွဲ့၏ ပြောပြချက်အရ သိရှိရသည်။
ပြီးခဲ့သည့်
 မတ်လ ၁၉ ရက်နေ့၊ နံနက် ၉ နာရီအချိန်က လှိုင်သာယာမြို့နယ်၊ ၂၀ ရပ်ကွက်၊ 
မင်းကျော်စွာလမ်းတွင် နေထိုင်သော ဦးစံကျော် နှင့် ယင်း၏ဇနီး ဒေါ်သာဖြူ တို့
 ရန်ဖြစ်နေကြောင်း ပတ်ဝန်းကျင်က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ 
အကြောင်းကြားခဲ့ရာ ယင်းရုံးမှ တာဝန်ရှိသူများ သွားရောက်ကြရာ 
အထက်ပါနေအိမ်ရှေ့တွင် ဒေါ်သာဖြူမှာ လည်ပင်းတွင် ပြတ်ရှဒဏ်ရာ၊ ၀မ်းဗိုက် တွင်
 ထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးနေသည့်အပြင်၊ အဆိုပါ ဒေါ်သာဖြူ၏ 
အလောင်းအနီးတွင်လည်း ဦးစံကျောင်မှ သွေးစွန်းနေသော ဓားဖြင့် ယင်း၏ 
လည်ပင်းကို ပြန်လည်လှီးဖြတ်နေကြောင်း သိရသည်။
ထိုအချိန်တွင်
 အခင်းဖြစ်နေရာသို့ ရောက်ရှိနေသူများက ဦးစံကျော်အား အချိန်မီ 
တားဆီးနိုင်ခဲ့ပြီး၊ နီးစပ်ရာ အင်းစိန်ဆေးရုံကြီးသို့ ပို့ဆောင် 
ပေးထားကြောင်းသိရသည်။
“လင်မယားချင်း
 ရန်ဖြစ်ပြီးတော့ ဓားနဲ့ ထိုးသတ်လိုက်တယ်လို့ ဦးစံကျော်က 
သူဆေးရုံမရောက်ခင် ကားပေါ်မှာတင် ပြောသွား တယ်။ အခု သူ့အခြေအနေကတော့ 
စိုးရိမ်စရာ အခြေအနေပါပဲ” ဟု အင်းစိန်မြို့နယ် ရဲတပ်ဖွဲ့ မှပြောသည်။
ဦးစံကျော်မှာ
 အသက် ၅၆ နှစ်ရှိပြီဖြစ်ပြီး၊ ဒေါ်သာဖြူမှာ အသက် ၅၇ နှစ်ရှိကြောင်း၊ 
၎င်းတို့ နှစ်ဦးလုံးမှာ ဈေးရောင်းသည့် အလုပ် လုပ် ကိုင် ကြကြောင်းသိရသည်။
အမှုနှင့်ပတ်သက်၍
 ဦးစံကျော်ကို အင်းစိန်ရဲစခန်းက လူသတ်မှု၊ မိမိကိုယ်ကို သေကြောင်းကြံစည်မှု၊
 ပုဒ်မ- ၃၀၂/၃၀၉ တို့ဖြင့် အမှုဖွင့် ထားကြောင်းသိရသည်။

အဲဒီလူကြီးရဲ့ စိတ်ပုံမှန်မဟုတ်ဘူးထင်ပါတယ်
ReplyDeleteအဲ့လောက်လုပ်စရာလိုလို့လားဗျာ......အိမ်ထောင်သက်လည်း များနေလောက်ပါပြီ....စိတ်သိပ်မမှန်ဘူးထင်တယ်နော်...
ReplyDelete