ဘင်္ဂလာဒေခ်ျ့နိုင်ငံ ဘင်ဒရာဘင် (ရွာတော်) ခရိုင် နတ်ကျောက်ဆိုးရီမြို့နယ်၊
တောင်ပြိုနယ်စပ်တွင် မြန်မာဘက်မှ ၀င်ရောက်လာသော မြန်မာ စစ်သားတဦကို
ဘင်္ဂလာနယ်ခြားစောင့်တပ်မှ ဖမ်းဆီးလိုက်သည်။
မြန်မာစစ်သားကို မတ်လ ၁၈ ရက်နေ့ ညနေ ၆
နာရီတွင် တောင်ပြို ဘင်္ဂလာနယ်ခြားစောင့် စခန်းမှ အရာရှိ မိုဇာမောလ်ဟက်
ဦးဆောင်သည့် တပ်ဖွဲ့မှ ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ဒေသ သတင်းစာများက
ရေးသားဖေါ်ပြသည်။
ဖမ်းဆီးခံရသည့် မြန်မာစစ်သားမှာ အသက် ၃၈ နှစ် ရှိပြီ ဖြစ်ကြောင်း၊ အရာရှိ တစ်ဦး ဖြစ်ကြောင်း ဘင်္ဂလာ သတင်းတပုဒ်က ဖော်ပြသည်။
မြန်မာစစ်သားမှာ မြန်မာဘက် မောင်တောမြို့နယ် မြောက်ပိုင်းမှ လမ်းမှားပြီး ဘင်္ဂလာဘက်သို့ဝင်ရောက်လာဖြင့် သတင်းအရ သွားရောက်ဖမ်း ဆီးခဲ့ခြင်း ဖြစ်ကြောင်း အရာရှိ မိုဇာမောလ်ဟက် ပြောသည်ဟု သတင်းတွင် ဖော်ပြသည်။
ယခု ဖမ်းဆီးရမိထားသည့် မြန်မာ စစ်သားကို နှစ်နိုင်ငံ နယ်ခြားစောင့်အလံတင် အစည်းအဝေး အပြီးတွင် မြန်မာဘက်သို့ ပြန် လည်ပို့ဆောင်သွားမည်ဖြစ်ကြောင်း အမှတ် ၁၇ ဘင်္ဂလား နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး ခါလေကုဇ္ဇာမာန် ပီ၊အစ်၊စီမှ ပြောကြားသည်။
မြန်မာနှင့် ဘင်္ဂလာဒေခ်ျ့ အကြား ပင်လယ်ပြင် ရေပြင်ပိုင်နက် ဆုံးဖြတ်ချက် ထွက်လာပြီး အချိန်မှ စပြီး နှစ်ဘက်စလုံးက နယ်စပ် အခြေအနေကို သတိထား စောင့်ကြည့်နေချိန်တွင် ယခုကဲ့သို့ နယ်ကျော် ၀င်ရောက်လာသော မြန်မာ စစ်သား ဖမ်းဆီးခံရခြင်း ဖြစ်သည်။

-------------------------------------------------------------------------------------------------------------------------------
.: နိရဉ္စရာမှ သတင်းများမောင်အေး
No comments:
Post a Comment