
သူကတော့
Mohammed Bah Abba ဆိုတဲ့ပုဂ္ဂိုလ်ပါ။လျှပ်စစ်ဓါတ်အားမလိုတဲ့
ရေခဲသေတ္တာလေးကို တီထွင်ခဲ့တဲ့သူပါ။ ထိုတီထွင်မှုအတွက်သူ့ကို Rolex Award
$100,000 ချီးမြှင့်ခြင်းခံခဲ့ရပါတယ်။
ထိုရေခဲသေတ္တာ ဘယ်လိုအလုပ်လုပ်သလဲဆိုတော့ ပထမဦးဆုံး မြေအိုးအကြီးထဲကို မြေအိုးအသေးလေးကို ထည့်ရပါတယ်တဲ့။

ပြီးရင်ဟာနေတဲ့နေရာကို စိုနေတဲ့သဲတွေ ဖြည့်ရပါတယ်တဲ့။

ပြီးရင်စိုနေတဲ့
အဝတ်စနဲ့ အုပ်ထားရပါတယ်တဲ့။သဲ၊အဝတ်စမှ
ရေများအငွေ့ပြန်လာခြင်းဖြင့်အိုးထဲမှ
အပူများကိုဖယ်ရှားပေးလိုက်နိုင်ပါတယ်တဲ့။အစားအသောက်တေ၊အအေး
တွေထည့်ပြီးတော့ပေါ့။



ဒါဟာ
သဘာဝအတွင်း အလုပ်လုပ်နေတာဖြစ်ပြီး၊ဈေးလဲပေါပါတယ်၊အလွယ်တကူလဲ
ပြုလုပ်နိုင်တဲ့ တီထွင်မှုတစ်ခုပါ။ထိုအိုးထဲမှာ
အစားအသောက်တွေ၊အအေးတွေသိုလှောင်ထားနိုင်ပြီး အပူချိန် ၁၅ ကနေ ၂၀
ဒီဂရီစင်တီဂရိတ် ဝန်းကျင်ဖြင့် အအေးခံထားနိုင်ပါတယ်တဲ့ ခင်ဗျာ..........

ပျော်ရွှင်ကြပါစေနော်။ခေါင်းလောင်းသံဂျာနယ်မှဖော်ပြသည်။
မြန်မာပြညန်အတွက် အသုံးလိုတယ် :P
ReplyDeleteထူးဆန်းပေမယ့် စိတ်ဝင်စားဖို့လဲကောင်းတယ်
ReplyDeleteစိတ်ကူးကောင်းတဲ့သူပဲ