ဧဒင်အချစ်ပုံပြင်: "ကျောက်မျက်ရတနာတို့၏ အစွမ်းသတ္တိများ"

Saturday 7 April 2012

"ကျောက်မျက်ရတနာတို့၏ အစွမ်းသတ္တိများ"





ကျောက်မျက်ရတနာဟုဆိုလိုက်သဖြင့်အဖိုးတန်ပစ္စည်းဖြစ်ကြောင်းလူတိုင်းသိကြပါသည်။ကျောက်မျက်ရတနာတို့မည်သည် သူ့သဘာဝနှင့်သူ၊သူ့ဓာတ်နှင့်သူထူးကဲသောအစွမ်းသတ္တိများရှိကြသည်သာဖြစ်၏။ထို့ကြောင့်လူတို့အား အကျိုးပြုသော ကျောက်မျက်ရတနာများ၏အစွမ်းသတ္တိတို့ကို လေ့လာမိသလောက်မျှဝေလိုက်ပါသည်။
၁။ခရမ်းစွဲကျောက်(Amethyts)

ရမ်းရောင်သန်းနေသော ကျောက်ဖြစ်၏။သစ္စာခိုင်မြဲခြင်း၊မူးယစ်ခြင်းဝေဒနာတို့ကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိရှိသည်။
၂။ပယင်းကျောက်(Amben)
မျှော်လင့်ထားသည့်အရာမှန်သမျှ ပြီးမြောက်ပြည့်စုံအောင်မြင်နိုင်စွမ်းရှိ၏၊ကြိုးစားမှုရှိလျှင်ရှိသလောက် အောင်မြင်စေသောအစွမ်းသတ္တိရှိသည်။
၃။နဂါးသွဲ့ကျောက်(Blood Stone)
သတ္တိရှိစေ၏။တိုက်ပွဲထွက်သည့်အခါ ဆောင်ထားပါက အောင်မြင်နိုင်၏။ဒဏ်ရာရပါလျှင်လည်း သွေးအမြန်တိတ်စေ၏။မမျှော်လင့်သော
ဘေးအန္တရယ်၊ရောဂါကပ်ဆိုးတို့မှ ကင်းလွတ်စေနိုင်သော အစွမ်းသတ္တိရှိ၏။
၎။မျက်ရွဲ(Benyl)အ၀ါရောင် သလင်းကျောက်အမျိုးအစားဖြစ်၏။မကောင်းသောသတင်းဆိုး၊ကောလဟာလသတင်းများ မကြားရအောင် ကာကွယ်ပေးနိုင်စွမ်းရှိ၏။
၅။ဂျက်စပါကျောက်(Jaspen)
မိမိပရောဂကြောင့်တစ်ပါးသူအန္တရာယ်မကျရောက်စေရန်အကာအကွယ်ပေး၏။ကုသိုလ်ပြုရာ၌ ထူးခြားထက်မြက်သော ကျောက်အမျိုးအစားဖြစ်၏။
၆။မဟူရာကျောက်(Omyx)
မြွေနှင့်အဆိပ်ရှိသတ္တ၀ါတို့ဘေးမှ ကာကွယ်ပေးနိုင်စွမ်းရှိ၏။အိမ်ထောင်ရေးသုခကို အပြည့်အ၀ရရှိစေနိုင်သော ကျောက်အမျိုးအစားဖြစ်၏။
၇။စိန်ကျောက်(Diamond)
မာကြောသောအစွမ်းသတ္တိရှိ၏။အင်အားကိုတောင့်တင်းစေ၏။ရိုးသားဖြူစင်စိတ်ကို ဖြစ်ပေါ်စေနိုင်၏။
၈။ကောနယ်လီယာကျောက်(Conneliam)
ကျန်းမာရေးကိုအထူးကောင်းမွန်စေ၏။အသက်အာယုကိုရှည်စေ၏။ကံကောင်းခြင်းကိုဖြစ်ပေါ်စေသော ကျောက်အမျိုးအစားဖြစ်၏။
၉။ရွဲကျောက်(Opal)
တူရာသီနှင့်ဗြိစ္ဆာရာသီဖွားများအတွက်သာ ဆောင်ကောင်းသောကျောက်ဖြစ်၏။အဆိုပါရာသီဖွားများအတွက် စိတ်ဓာတ်ကို မြှင့်တင်ပေး၏။အောင်မြင်မှုကို ပို့ဆောင်ပေး၏။(ကျန်ရာသီဖွားများအတွက် အကျိုးသိပ်မရှိလှပါ။)
၁၀။ပဌဲကျောက်(Ganmet)
ကျန်းမာရေးကိုအထူးကောင်းမွန်စေ၏အပူလောင်ခြင်းတို့မှကာကွယ်ပေးနိုင်၏။စိတ်ကိုရွှင်လန်းစေ၏။လူချစ်၊လူခင်၊မိတ်ဆွေသင်္ဂဟ
တို့ပေါများစေသော ကျောက်အမျိုးအစားဖြစ်၏။
၁၁။ကန်ဘူးမယ်လီကျောက်(Canbumele)
အနီရင့်ရောင် ကျောက်အမျိုးအစားဖြစ်၏ကူစက်ရောဂါဘေးမှ ကင်းဝေးစေ၏။မိမိကိုယ်ကို ယုံကြည်စိတ်ဓာတ်များဖြစ်ထွန်းစေ၏။အခက်အခဲများကို အောင်မြင်စွာတွန်းလှန်နိုင်စေ၏။
၁၂။ပုလဲ(Pearl)
ကျန်းမာရေးကို ကောင်းမွန်စေ၏။မိမိကို ချစ်ခင်သူတွေ ပေါများစေနိုင်၏။
၁၃။ထပ်တရာကျောက်(Topaz)
နာတာရှည်ရောဂါဖြစ်မှုဘေးမှ ကာကွယ်ပေးနိုင်စွမ်းရှိသော ကျောက်အမျိုးအစားဖြစ်၏။
၁၄။နီလာကျောက်(Sapphire)
ကံကောင်းစေသောကျောက်ဖြစ်၏။ချစ်ခြင်းတရားကို ခိုင်မြဲနိုင်စွမ်းရှိ၏။စိတ်မရှည်မှု၊စိတ်တိုမှုတို့ကို ကွယ်ပျောက်စေနိုင်၏။
၁၅။ချာဆီမိုနီကျောက်(Moss Agare)
ပေါင်းသင်းဆက်ဆံရေးကို အဆင်ပြေနိုင်၏။စိုက်ပျိုးရေးသမားများ အထူးပင် ဆောင်ထားသင့်သည့် ကျောက်အမျိုးအစားဖြစ်၏။
၆။တာကွိုင်ကျောက်(Tunquoise)
ကံကောင်းစေသော ကျောက်အမျိုးအစားဖြစ်၏။ဘေးအန္တရာယ်အပေါင်းမှ လွတ်ကင်းစေနိုင်၏။
၇။ပါလဒုတ္ထာကျောက်(Malachite)
ဘာသာရေးသမားများ ဆောင်ထားသင့်သော ကျောက်အမျိုးအစားဖြစ်၏။ရေကြောင်းသွားလာသူများအတွက် ဘေးအန္တရာယ်မှ ကာကွယ်
ပေးနိုင်၏။နယ်သစ်ရှာဖွေမှုနှင့်စွန့်စားလိုသူများ၊စီးပွားရေးဈေးကွက် ချဲ့ထွင်လိုသူများအတွက် အကျိုးဖြစ်ထွန်းစေနိုင်၏။
၁၈။သန္တာကျောက်(Conal)
အိမ်ထောင်ရေးကိုသာယာမှုပေးစွမ်းနိုင်သော ကျောက်အမျိုးအစားဖြစ်၏။ကလေးသူငယ်များကို ဘေးအန္တရယ်မှ အကာအကွယ်ပေးနိုင်၏။လူငယ်လူရွယ်တို့အား မဖြစ်သင့်သည်တို့ မဖြစ်ရလေအောင် ကာကွယ်ပေးနိုင်စွမ်းရှိ၏။
၉။မြူပြာကျောက်(Aquamanine)
အစိမ်းနှင့်အပြာ ရောထားသော ကျောက်ဖြစ်၏။အာရုံဝင်စားမှုကို မပျံ့လွင့်အောင် ထိန်းချုပ်ပေးနိုင်၏။ခရီးလမ်း၌ အန္တရာယ်တို့ကို
တားဆီးပေးနိုင်၏။ထိခိုက်ဒဏ်ရာရမှုတို့ကို ကာကွယ်ပေးနိုင်သော အစွမ်းသတ္တိရှိ၏။
၂၀။မြကျောက်(Emenald)
မျက်စိကို အထူးအားကောင်းစေ၏။ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်နိုင်၏။မိမိဘက်မှ သစ္စာဖောက်ခဲ့ပါက မြကျောက်၏အရောင်မှာ မှေးမှိန်သွားကြောင်း မှတ်သားရ၏။
၁။ပတ္တမြား(Ruby)
မိတ်ဆွေကောင်းများနှင့်ဆုံစည်းရတတ်၏။ပူပင်သောကဘေးတို့မှ ကင်းဝေးစေ၏။ဆက်ဆံရေးကိုပြေပြစ်ကောင်းမွန်စေသော
ကျောက်အမျိုးအစားဖြစ်၏။
(တစ်လက်စတည်းဆိုသလို ရွှေ၊ငွေ ရဲ့အစွမ်းသတ္တိကို ကျွန်တော်လက်တွေ့ကြုံခဲ့ရတာလေးကိုပါမျှပါရစေဗျာ။ရှေးခေတ်မြန်မာနန်းတွင်းသူတွေဟာ သနပ်ခါးထဲမှာ ရွှေမှုန့်လေးတွေရောပြီးလိမ်းကြတယ်ဗျ၊အသားအရေကိုကောင်းစေတဲ့ဝင်းပစေတဲ့နေရာမှာရွှေကတော်တော်
လေးကောင်းပါတယ်။ကျွန်တော့်နဲ့ခင်တဲ့အန်တီတစ်ယောက်ဆိုရင် နေ့တိုင်းသူငယ်စာငှက်ပျောသီးနှစ်လုံးနဲ့ရွှေဆိုင်းတစ်ခုကိုရောပြီး
အမြဲစားတယ်ဗျ၊သူကပြောတာဒါသူ့အဖွားရဲ့နည်းတဲ့။ရွှေဆိုင်းကိုတော့ကိုယ်နဲ့ရင်းနှီးတဲ့ရွှေဆိုင်းလုပ်တဲ့ဆိုင်မှာပဲအပ်တယ်တဲ့။ဘုရားတွေ
မှာရောင်းနေတဲ့ ရွှေဆိုင်းတွေက ရောတာတွေများလို့တဲ့ဗျာ၊ဆိုင်ကိုလည်းကျန်းမာရေးအတွက်ဆေးသုံးဖို့ဆိုပြီးသေသေချာချာ ပြောထား
ရတယ်တဲ့။အဲဒီလိုစားတဲ့အကျိုးကတော့ ကျွန်တော့်မျက်မြင် ခုအသက်(၅၀)ကျော်တာတောင် အသားအရေက၀င်းပပြီး၊တွန့်ခြင်း၊ရှုံ့ခြင်းမရှိတဲ့အပြင်၊ဆံပင်လည်းမဖြူဘူးဗျ၊ကျန်းမာရေးကလည်းဘာကောင်းသလဲမမေးနဲ့ဒေါင်ဒေါင်မြည်ပဲ။သူ့မှနဂိုကဖြစ်နေတဲ့ သွေးတိုးနဲ့နှလုံး
အားနည်းတဲ့ရောဂါတောင်ပျောက်သွားတယ်ဆိုပဲ။အဲဒီမှာကျွန်တော်ကတချက်ပြောတာပေါ့၊ဒီနည်းက အန်တီလိုချမ်းသာတဲ့လူအတွက်ကကိစ္စမရှိဘူးပေါ့။သာမန်လူတွေအတွက်ဆိုရင် ရွှေဆိုင်းဖိုးနဲ့ရေရှည်ဘယ်လွယ်မလဲပေါ့။အဲဒီမှာ အန်တီကြီးက နှလုံးအားနည်းတဲ့၊နှလုံးဝေဒနာရှင်တွေအတွက်နည်းနှစ်ခုပြောပြတယ်၊တနည်းကရွှေရဲ့အနံ့ကိုရှုဖို့။အိန္ဒိယက အမျိုးသမီးတွေ နှာခေါင်းမှာရွှေကိုဖေါက်ပြီးတပ်ကြတာရှေးကတည်းကတဲ့၊ခုခေတ်ကျမှ တချို့တွေကfashionလုပ်ပြီးတပ်ကြတာလို့ပြောတယ်။အိန္ဒိယက ရှေးကတည်းက ရွှေနဲ့ရောဂါအတော်များများကိုကုလို့ရတဲ့နည်းတွေကို ကျွမ်းကျင်ကြတယ်၊အမျိုးသမီးတွေက နှာခေါင်းမှာရွှေကိုတပ်ကြတာ၊အသက်ရှုတိုင်း
ရွှေရဲ့အနံ့ကိုတခါတည်းရှုပြီူသားဖြစ်အောင်လို့တပ်ကြတာတဲ့၊ဒါကြောင့်ရွှေရဲ့အနံ့ကိုရှုပေးရင် နှလုံးရောဂါဝေဒနာရှင်တွေအတွက်သက်သာ
ပျောက်ကင်းနိုင်စေတယ်လို့ပြောတာ။ရန်ကုန်မှာနေတဲ့သူတွေဆိုရင်ပိုကောင်းတယ်တဲ့၊တစ်ပါတ်တစ်ခါဖြစ်ဖြစ် ရွှေတိဂုံဘုရားသွားရင်း
အေးဆေးနားပြီးစေတီတော်ကြီးကိုဖြတ်ပြီးတိုက်လာတဲ့လေကိုတ၀ကြီးရှုရုံပဲတဲ့၊ကုသိုလ်လည်းရကျန်းမာရေးအတွက်ပါကောင်း တစ်ချက်ခုတ်နှစ်ချက်ပြတ်ဘယ်လောက်ကောင်းလဲလို့တောင်ပြောသေး။နောက်တစ်နည်းကနှလုံးဝေဒနာရှင်တွေကို ငွေနဲ့ကုတယ့်နည်းဗျ။
ခုကျွန်တော်တို့အလှုခံဌာနတွေမှာ တွေ့ရတဲ့အလှုခံဖလားအရွယ်၊ဖလားတစ်ခုကို ငွေစစ်စစ်နဲ့လုပ်၊နောက်ပြီးအဲဒီဖလားကိုလုံအောင်ဖုံးနိုင်
မယ့် ငွေလင်ပန်းတစ်ချပ်ရယ်၊ဘုန်းကြီးကျောင်းတချို့မှာတွေ့ရတဲ့ ကြေးသောက်ရေခွက်အရွယ် ဖလားတစ်လုံးပါငွေနဲ့လုပ်၊နောက်နှလုံးဝေဒနာရှင်တွေ ရေသန့်သန့်သန့်ကိုဖလားအကြီးထဲထည့်၊ဖလားအကြီးပေါ်ကနေ ငွေလင်ပန်းနဲ့ဖုံး၊အဲဒီထဲကရေကိုပဲသောက်၊သောက်ရင်
လည်းတခြားခွက်နဲ့မသောက်ရဘူး ငွေဖလားအသေးလေးနဲ့ပဲသောက်ရမယ်၊အဲလိုမျိုးလုပ်ပေးသွားရင် နှလုံးဝေဒနာရှင်တွေအတွက်
သက်သာပျောက်ကင်းတယ်ဆိုတာ လုံးဝအာမခံတယ်လို့ပြောပြတယ်ဗျ။
တစ်ခုရှိတာက ရေကို ရေအေး၊ရေနွေး၊ရေကျက်အေးလုံးဝမထည့်ရဘူးတဲ့၊ငွေဖလားထဲကိုပေါ့ဗျာ။ရိုးရိုးရေသန့်ပဲသုံးရမယ်တဲ့။ဒါလေးက ကျွန်တော်သိတဲ့နည်းလေးပါ။မိတ်ဆွေတို့အတွက်လုပ်ကြည့်ရင်အကျိုးမယုတ်ဘူးလို့ထင်ပါတယ်။

ဗဟုသုတရစရာလေးမို့ ပြန်လည်ဝေမျှလိုက်ပါတယ်နော်...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...