ဧဒင်အချစ်ပုံပြင်: သင်္ကြန်က ပျော်ပွဲရွှင်ပွဲကြီး သက်သက် ဖြစ်လာတယ် လူမင်း

Friday 6 April 2012

သင်္ကြန်က ပျော်ပွဲရွှင်ပွဲကြီး သက်သက် ဖြစ်လာတယ် လူမင်း


သင်္ကြန်က ပျော်ပွဲရွှင်ပွဲကြီး သက်သက် ဖြစ်လာတယ် လူမင်းသင်္ကြန်မှာ ငယ်တဲ့ အတွက် ငယ်တဲ့ ပျော်ရွှင်မှုနဲ့ ပျော်ပါ။ ကျွန် တော်တို့ ငယ်ငယ်တုန်းက ဆိုရင် ဘုန်းကြီး ဝတ်ဖို့၊ တရားစခန်းဝင်ဖို့ ဆိုရင် လာမပြောနဲ့ဆိုပြီး ပြောခဲ့ တာလေ။ အဲဒီအရွယ် ကျော်လွန် လာခဲ့တော့ နောက်ပိုင်းမှာ သင်္ကြန် ဆိုတာ ထူးထူးခြားခြား မရှိတော့ ဘူး။
ရန်ကုန်သင်္ကြန်ကတော့ ကောင်မလေးတွေ ပိုပြီး လွတ်လပ် ပွင့်လင်း လာတယ်။ ငယ်ငယ်တုန်း က ရေပက်တာ ပျော်တာ ကတော့ အရင်တုန်းက ဒီလိုပါပဲ။ ရန်ကုန် ဆိုတာက မြန်မာနိုင်ငံရဲ့ အတိုး တက်ဆုံး၊ ခေတ်အမီဆုံး မြို့တော်ကြီး တစ်ခုလေ။ အတွေးအခေါ် အ ယူအဆဆိုတာက ခေတ်ကာလနဲ့ အညီ ပြောင်းလဲသင့်တာ ပြောင်းလဲ ရမှာပဲလေ။

သင်္ကြန်ဆိုတာက မြန် မာမင်းများ လက်ထက် မှာတော့ နှစ်ဟောင်းကုန်လို့ နှစ်သစ်ကိုကူး ပြောင်းခြင်းကို သင်္ကြန်လို့ခေါ်ခဲ့ကြ တာလေ။ နှစ်ဟောင်းက အညစ်အ ကြေးတွေကို ဆေးကြောသန့်စင် တယ်လို့ အယူအဆလေးတွေနဲ့ ကျင်းပ လာခဲ့ ကြတာကိုး။
အခုနောက်ပိုင်း ခေတ်ကာလ ရွေ့လျား လာခဲ့ကြတော့ မြန်မာ သင်္ကြန် ပွဲတော်ကြီး ဟာ ပျော်ပွဲရွှင်ပွဲကြီး တစ်ခုလို သက်သက် ဖြစ်လာခဲ့တယ်။ အဲဒါကလည်း လူတွေ အတွက်တော့လိုအပ်တယ်။ ကျောင်းသား၊ အစိုးရဝန်ထမ်း၊ စီးပွားရေး သမား စသည်တို့က တစ် နှစ်လုံးမှာ ပင်ပန်း နွမ်းနယ် ခဲ့သမျှ ပျော်ရွှင်လိုက်တာဟာ နှစ်သစ်မှာ စိတ်ကူးသစ်၊ အင်အားသစ်တွေ ရ ရှိလာမှာပဲလေ။
အဲဒီလိုပျော်တာ၊ ရွှင်တာကလည်းကောင်းပါတယ်။ ကျွန်တော်လည်းသဘောကျတယ်။ တစ်ခုပဲရှိတာက ကိုယ့်ရဲ့ပျော်ရွှင် မှုက သူတစ်ပါးကိုအနှောင့်အယှက် မဖြစ်စေဖို့ပဲ။ နောက်ပြီး ဘေး အန္တရာယ်ကင်းရှင်းဖို့ကတော့ခေါင်း ထဲမှာမမေ့ဖို့အရာတစ်ခုပါပဲ။
သင်္ကြန်မှာဆိုရင် လူငယ်တွေ သောက်စားမူးယစ်ရန်ဖြစ်တာတို့က တော့ နှစ်တိုင်းရှိနေဦးမှာပါပဲ။ ထိန်း ထိန်းသိမ်းသိမ်းလေးနဲ့ သည်းခံသင့် တာသည်းခံပြီး သဘောထားကြီးဖို့ လိုအပ်တယ်။ ပျောက်သွားဦးမှာ တော့မဟုတ်ပါဘူး။
အခုဆိုရင် သင်္ကြန်မှာ သံချပ်သံတွေပြန်ကြား ရတော့မယ်ဆိုတော့ ကျွန်တော်တို့ ရင်ခုန်သံထက် တိုင်းပြည်အတွက် အင်မတန်ကောင်းမွန်တဲ့ရင်ခုန်သံ တစ်ခုပါ။ ကျွန်တော်တို့ရိုးရာသင်္ကြန် နဲ့ အင်မတန်လိုက်ဖက်ပြီး ပျော်ရွှင် စရာတစ်ခုလည်းဖြစ်တယ်လေ။
တကယ်ကို အကျိုးပြုနိုင်တဲ့အနုပညာ ရပ်တစ်ခုပါ။ ဥပမာဆိုရင် ဌာနဆိုင် ရာအကြီးအကဲတွေ မသိနိုင်တဲ့ အရာတွေကို သံချပ်တွေက တိုက်ရိုက် ပြောနိုင်တဲ့ စကားတွေ ပါပဲ။ ပြည်သူ တွေအတွက် အကျိုးပြုနိုင်တဲ့ အရာ တစ်ခုပါပဲ။
ဒါကြောင့် သင်္ကြန်မှာ ခုပ်တီးပါတယ်။ ဒါပေမဲ့ သူတစ်ပါး ကို အနှောင့်အယှက်မဖြစ်ဖို့နဲ့ နိုင် ငံကြီးသားပီသဖို့ပြောချင်ပါတယ်။ ကိုယ့်ပျော်ရွှင်မှုဟာ သူတစ်ပါးအ တွက် အနှောင့်အယှက် ဖြစ်သွားရင် တစ်ဘဝစာ၊ တစ်သက်စာ နောင်တရစရာမျိုးတွေ ဖြစ်သွား နိုင်တယ်လေ။
ဘာမှမဟုတ်တဲ့ဒေါ သလေးတစ်ချက်ကြောင့် တစ်သက် တာနောင်တရစရာတွေဖြစ်သွား နိုင်တယ်။ အဲဒါလေးတွေကို သတိ ထားဖို့ပြောချင်ပါတယ်။
8 Days

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...