ယနေ့ မွန်းလွဲ ၃
နာရီ ၁၅ မိနစ် အချိန်ခန့်တွင် ရန်ကုန်မြို့နှင့် အနီးတ၀ှိုက်တွင်
ငလျင်လှုပ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ မန္တလေးမြို့တွင်လည်း တပြိုင်နက်တည်း
လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ဦးစီးဌာနမှ အတည်ပြု
ပြောဆိုခဲ့သည်။ လက်ရှိအချိန်တွင် လှုပ်ခတ်ခဲ့သည့် အတိုင်းအတာကို
တိုင်းတာနေဆဲ ဖြစ်ပြီး ဆက်လက် ထုတ်ပြန်မည်ဟု သိရပါသည်။
ကမ္ဘာအေး
မြေငလျင်စခန်းမှ တိုင်းထွာချက်အရ ကမ္ဘာအေးမြေငလျင် စခန်း၏ တောင်ဘက် မိုင်
၁၀၀၀ ကျော်ခန့် အကွာ အင်ဒိုနီးရှားနိုင်ငံ Sumatra ကျွန်းပတ်ဝန်းကျင်၌
ယနေ့မွန်းလွဲပိုင်းတွင် လှုပ်ခတ်ခဲ့သော အင်အား ၈ ဒသမ ၉ ရစ်ခ်ျတာစကေး ပမာဏရှိ
ငလျင်ကြောင့် မြန်မာနိုင်ငံအတွင်းရှိ ရခိုင်ပြည်နယ် စစ်တွေ၊ ကျောက်ဖြူ၊
ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် ဧရာဝတီတိုင်းများ အတွင်း
ငလျင်လှုပ်ခတ်မှုလှိုင်း သက်ရောက်မှု ရှိခဲ့ကြောင်း သိရပါသည်။
Eleven Media Group/
Yangon Press International

No comments:
Post a Comment