အကြမ်းမဖက်ဘဲအနုနည်းဖြင့် တိုက်ပွဲဝင်ခဲ့သည့် အိန္ဒိယအမျိုးသားခေါင်းဆောင်ကြီး မိုဟန်ဒါဂန္ဒီ၏ပစ္စည်းများကို လေလံတင်ရောင်းချရန် စီမံထားရာယင်း၌ သူ၏အမှတ် သင်္ကေတဖြစ်သော မျက်မှန်အ၀ိုင်းလည်း ပါဝင်သည်ဟုဆိုသည်။ ယင်းမျက်မှန်အ၀ိုင်းကို ၁၈၉၀ ပြည့်လွန်နှစ်များအတွင်း ဂန္ဒီသည် ဗြိတိန်၌ ပညာသင်ကြားနေစဉ်ဝယ်ယူခဲ့ခြင်းဖြစ်သည်။ ၁၉၄၈ခုနှစ်၌ ဂန္ဒီလုပ်ကြံခံရစဉ် လမ်းသွားလမ်းလာတစ်ဦးဖြစ်သော ပီပီနမ်ဘီယာသည်
ယင်းမှမြေကြီးများနှင့်
မြက်ပင်အခိျု့ကို ကောက်ယူစုဆောင်းထားခဲ့သည်။ လေလံတင်ပြီး ပစ္စည်းများထဲတွင်
ဂန္ဒီ၏လက်ရေးစာမူများနှင့် သူအသုံးပြုခဲ့သည့် လက်လုပ်အပ်ချုပ်စက်
တစ်လုံးလည်းပါဝင်သည်။ ဂန္ဒီ၏ပစ္စည်းများကို လေလံတင်ရောင်းချရာ၌
အမေရိကန်ဒေါ်လာ၁၂၀,၀၀၀ ရရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
No comments:
Post a Comment