မီးလောင်ကျွမ်းမှုကြောင့် စက်ရုံတရုံလုံးပျက်စီးသွားကာ ကား ၂စီးလည်း မီးလောင်သည့်အထဲ ပါသွားခဲ့သည်။ တစီးမှာ မတ်တူး ခဲရောင်ဖြစ်၍ အခြားတစီးမှာ အင်ဂျင်ဖြုတ်ချထားသည့် ပစ်ကပ်ကား ဖြစ်သည်။
မီးလောင်မှုကြောင့် ဆုံးရှုံးသွားသည့် တန်ဖိုးမှာ သိန်း ၁၈၀၀ ခန့် ရှိသည်ဟု ရဲစခန်းမှ
ခန့်မှန်းပြောဆိုချက်အရ သိရသည်။
မီးလောင်ကျွမ်းမှုနှင့် ပတ်သက်၍ စက်ရုံပိုင်ရှင် တရုတ်နိုင်ငံသား ၄ ဦးကို ရဲစခန်းမှ ခေါ်ယူစစ်ဆေးမေးမြန်းလျှက်ရှိရာတွင် တဦးသာလျှင် ဗီဇာရှိပြီး ကျန် ၃ ဦးမှာ တရားဝင်နေထိုင်ခွင့် ဗီဇာမရှိဟုလည်း သိရသည်။
ယခုစက်ရုံတွင် လုပ်သား ၅၀ ဦးဝန်းကျင် အလုပ်လုပ်ကိုင်လျှက်ရှိသည်ဟုလည်း သိရှိရသည်။ လွန်ခဲ့သည့် ရက်ပိုင်းက တောင်ဥက္ကလာမြို့နယ် ၁၀ ရပ်ကွက် ဟေမ၀န်ဈေး မီးလောင်ကျွမ်းခဲ့ရာ ဆိုင်ခန်းအားလုံး နီးပါး လောင်ကျွမ်းခဲ့သည်။ ။
@YPI
သတင်းလာဖတ်သွားတယ် ဧဒင်ရေ....စိတ်မကောင်းစရာဘဲ အကြိုနေ့ကြီးမှာတောင်နော်...မီးပေါ့ဆကြလို့ထင်ပါတယ်.....
ReplyDelete