ယနေ့ (၁၁-၄-၂၀၁၂)ရက်နေ့
မြန်မာစံတော်ချိန် ညနေ (၃)နာရီ(၈)မီနစ်အချိန်က အင်ဒိုနီးရှားနိုင်ငံ၊
မာက်ဆူမတြာကျွန်းရဲ့အနောက်တောင်ဖက်(၂၆၈)မိုင်အကွာ
ပင်လယ်ပြင်အောက်ခံမြေပြင်ပေါ်တွင် အင်အား ရစ်ခ်ျတာစကေး (၈.၇)ရှိ
အင်အားအလွန်ပြင်း ထန်သော ရေအောက်ငလျင်တစ်ခု လှုပ်သွားခဲ့ပါတယ်။
ဒါကြောင့် ဆူနာမီသတိပေးချက်ကို ထုတ်ပြန်ထားခဲ့ပါတယ်။
ယခင်(၂၆-၁၂-၂၀၀၄)ရက်နေ့နံနက်(၇)နာရီခွဲအချိန်တွင် အင်အား(၉.၀)ရှိသော ရေအောက်မြေငလျင် လှုပ်ရှားသွားခဲ့ရာဆူနီမီရေလှိုင်းများ ဖြစ်ပေါ်မှုကြောင့် နိုင်င့ပေါင်း(၉)နိုင်ငံကိုထိခိုက်ခဲု့ရာ လူ(၂)သိန်း သုံးသောင်းကျာ် အသက်ဆုံးရှုံးခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာလည်း ဆူနာမီရေလှို်င်းအမြင့် (၃.၅)မီတာ (၁၁ ပေ)ခန့်ရှိသော ရေလှိုင်းများတက်ရောက်မှုကြောင့် လူ(၆၁)ဦးသေဆုံးခဲ့ရပါတယ်။ အဲဒီအချိန် တုံးက ကော့သောင်း၊ မြစဟ်ဝကျွန်းပေါ် နဲက ရခိုင်ကမ်းရိုးတန်းဒေသများကို ထိခိုက်ခဲ့ရ ပါတယ်။ ပထမဆုံးရေလှိုင်းကို နံနက် (၁၁)နာရီခန့်တွင် ရောက်ရှိခဲ့သဖြင့် လှိုင်းရောက်ရန် ကြာချိန် (၃)နာရီ ခွဲခန့် ကြာမြင့်ခဲ့ပါတယ်။
လက်ရှိဆူနာမီအမြင့်ကို (၆)မီတာရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ကမ်းခြေတလျှောက်တွင် နေထိုင်သူများအနေဖြင့် မိမိနေထိုင်ရာသို့ ဆူနာမီရေလှို်းများလာရောက်ပါက ကြိုတင်သိနိုင်သောအချက်မျာျးမှာ (၁) ပင်လယ်ရေများ ကျဆင်းသွားခြင်း၊ (၂) ထို့နောက် ရေလှိုင်း တက်သံများအော်မည်လာလေ့ရှိပါတယ်။အဆိုပါအချက်များတွေ့ရှိပါက အနည်းဆုံး အမြင့် (၁၀)မီတာ (၃၃ ပေ)ခန့်မြင့်သောနေရာသို့ ပြောင်းရွှေ့နေထိုင်ကြရန် နှင့်ါ ထိုနေရာတွင် အနည်းဆုံး(၃)နာရီခန့် ကြာအောင်နေထိုင်ကြရန် အကြံပြုပါတယ်။
ဒေါက်တာထွန်းလွင်

No comments:
Post a Comment