 ဒုကမ္ဘာစစ်လက်ကျန် စပစ်ဖိုင်းယားတိုက်လေယာဉ်တစ်စီးကိုတွေ့ရစဉ်။
ဒုကမ္ဘာစစ်လက်ကျန် စပစ်ဖိုင်းယားတိုက်လေယာဉ်တစ်စီးကိုတွေ့ရစဉ်။·
မြန်မာနိုင်ငံသို့ 
 ဧပြီ၁၃ရက်က တစ်ရက်တာ လာရောက်ခဲ့သည့် 
ဗြိတိန်ဝန်ကြီးချုပ်ဒေးဗစ်ကင်မရွန်သည်  ဒုတိယကမ္ဘာစစ်အတွင်း မြန်မာ့မြေတွင် 
မြှပ်ထားခဲ့သော ဗြိတိသျှတော်ဝင်လေတပ် တိုက်လေယာဉ် စပစ်ဖိုင်းယား spitfires 
အစီး၂၀ခန့်အား ပြန်လည်တူးဖော်ခွင့် 
မြန်မာအာဏာပိုင်များထံမှရရှိလိုက်ကြောင်း 
ဂါဒီယန်းသတင်းစာကြီးကရေးသားလိုက်သည်။
ထိုလေယာဉ်ပျံများသည် ၁၉၄၅ခုနှစ်
ဂျပန်နိုင်ငံသို့အနုမြူဗုံးကျဲသည့်ရက်မတိုင်ခင် နှစ်ပတ်အလိုတွင် မြေကြီးထဲမြှပ်နှံခဲ့ခြင်းဖြစ်ပြီး ဗြိတိန်ဝန်ကြီးချုပ်ကင်မရွန် မြန်မာနိုင်ငံနေပြည်တော်တွင် မြန်မာသမ္မတဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် မြန်မာသမ္မတက ပြန်လည်တူးဖော်ခွင့်ပေး ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင်ရေးသားထားသည်။
လေယာဉ်များအား လေယာဉ်ကွင်းမြေကြီးတွင် မည်သည့်နေရာ၌ မြှပ်နှံထားသည်ကို ရေဒါနည်းပညာအကူအညီဖြင့် အတိအကျဖော်ထုတ်နိုင်သည်ဟုပြောကြသည့် စပစ်ဖိုင်းယားချစ်မြတ်နိုးသူအဖွဲ့တစ်ဖွဲ့က ထိုလေယာဉ်များကို ပြန်လည်တူးဖော်ခွင့်ရရှိတော့မည်ဖြစ်သည်။
လောလောဆယ်တွင် ပျံလည်ပျံသန်းနိုင်သည့်အခြေအနေတွင်ရှိသော စပစ်ဖိုင်းယားတိုက်လေယာဉ် အစီး ၃၅စီးသာရှိတော့ရာ မြန်မာ့မြေပေါ်တွင် အစီး၂၀ခန့် ရှိနိုင်သည်ဟူသောခန့်မှန်းချက်မှန်ကန်ပါက ပျံသန်းနိုင်သော စပစ်ဖိုင်းယားအရေအတွက် နှစ်ဆနီးပါးရှိလာမည်ဟုဆိုသည်။
ဒေါင်းနင်းလမ်းဗြိတိန်ဝန်ကြီးချုပ်ရုံးသတင်းရပ်ကွက်အဆိုအရ စပစ်ဖိုင်းယားများသည် ဗြိတိန်၏လေကြောင်းပျံသန်းမှုသမိုင်းတွင် အလွန်အရေးပါသော လေယာဉ်ပျံများဖြစ်ကြောင်း၊အဆိုပါလေယာဉ်များသည် ဒုတိယကမ္ဘာစစ်အတွင်းအဓိကကျသော အခန်းကဏ္ဍမှပါဝင်ခဲ့ကြကြောင်းသိရသည်။
၁၉၄၅ခုနှစ်သြဂုတ် ၆ရက် အမေရိကန်တို့က ဂျပန်နိုင်ငံ ဟီရိုရှီးမားအား အနုမြူဗုံးကျဲသည့်ရက်မတိုင်ခင်ရက်ပိုင်းတွင် ဗြိတိသျှစစ်သေနာပတိမောင့်ဘက်တန်သည် စပစ်ဖိုင်းယားများအား ဂျပန်တပ်များသိမ်းဆည်းမိပြီးအသုံးပြုလိုက်မည်ကို စိုးရိမ်သဖြင့် ယင်းတို့ကို မြေမြှပ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။သို့သော်ဂျပန်အား အနုမြှူဗုံးကျဲချအပြီး ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့သော်လည်း မြန်မာ့မြေပေါ် စပစ်ဖိုင်းယားများ မြှပ်နှံခဲ့သည်ကို အားလုံးက မေ့လျောနေခဲ့ရာမှ ယခုပြန်လည်သတိတရဖော်ထုတ်လာခြင်းဖြစ်သည်။
facebookမှကူးယူဖော်ပြသည်။
.

သတင်းထူးပဲ.. မေ့လျှော့တယ်ဆိုတော့.. ဘယ်ဒိုင်ယာရီက ပြန်သတိပေးခဲ့တာပါလိမ့်..
ReplyDelete