ဧဒင်အချစ်ပုံပြင်: ဒဂုံမြို့သစ် မြေကွက်များ ဈေးနှုန်း မြှင့်တက်

Wednesday 23 May 2012

ဒဂုံမြို့သစ် မြေကွက်များ ဈေးနှုန်း မြှင့်တက်

                                                   ဧဒင်အချစ်ပုံပြင်မှလှိုက်လဲစွာကြိုဆိုပါတယ်
အရှေ့ပိုင်းရှိ သိမ်းထားသည့် မြေကွက်ကြီး (၁၁) ကွက်အား ပြန်လည် ပေးပြီး နောက်ပိုင်းတွင် မြို့သစ်များရှိ အိမ်ခြံမြေ ဈေးကွက်မှ အနည်းနှင့် အများဟု ဆိုသလို အရောင်း အဝယ် ပြန်တက်လာပြီး အိမ်ခြံမြေဈေး အနည်းငယ် တက်လာသည်ဟု အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်နေသူ အများစုက ပြောသည်။
“ရန်ကုန်တိုင်းဒေသကြီး ဝန် ကြီးချုပ် ဦးမြင့်ဆွေက သိမ်းထား တဲ့ မြေကွက်တွေကို ပြန်ပေးမယ်လို့ ပြောသွားပေမယ့် အိုးအိမ်ကတော့ ခုချိန်ထိ တရားဝင်မထုတ်ပြန်သေး ဘူး။ ဒါပေမယ့်အဲဒီနောက်ပိုင်း တော့အရောင်းအဝယ်နဲ့ဈေးက ပြန် တက်လာတယ်”ဟု ဒဂုံမြို့သစ် တောင်ပိုင်းရှိ တပိုင်တနိုင် အိမ်ခြံ မြေလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦး ကပြောသည်။
ယခင်က ဒဂုံမြို့သစ်အရှေ့ ပိုင်းရှိ မြေကွက်များပြန်လည်သိမ်း ယူသည့် သတင်းကြောင့် မြို့သစ် များရှိ မြေကွက်များအား မရရသည့် ဈေးနှင့်ဈေးနှိမ်ရောင်းချခဲ့ခြင်းကြောင့် မြို့သစ်များများရှိ အချို့သော အိမ် ခြံမြေဈေးမှာ ကျသွားပြီး ယခုဒဂုံ မြို့သစ်အရှေ့ပိုင်းရှိ မြေကွက်များ ပြန်လည် ပေးလိုက်သောကြောင့် အိမ်ခြံမြေဈေးနှုန်းအနည်းငယ်မြင့် တက်လာခြင်းဖြစ်သည်ဟု ဒဂုံမြို့သစ်မြောက်ပိုင်းရှိ Myanmar Top Stae အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှတာဝန်ရှိသူတစ်ဦးက ဆို သည်။
“မြေကွက်တွေ ပြန်ပေးလိုက်တော့ ရင်းနှီးမြှုပ်နှံလိုသူတွေက ပြန် ဝယ်ကြတဲ့အခါ ရောင်းလိုအားနဲ့ ဝယ်လိုအားဆို ဝယ်လိုအားကများ နေတော့ အိမ်ခြံမြေ ဈေးကွက်က မာသွားရော။
အဲဒါကြောင့် ဈေးတွေ ပြန်တက်လာတာပါ”ဟု Myanmar Top Stae မှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ အိမ်ခြံ မြေဈေးနှုန်းများမှာ အနိမ့်ဆုံး ၁၀ သိန်းမှ အမြင့်ဆုံး သိန်း ၁၀ဝ အထိ ရှိပြီး မြေကွက်များပြန်ပေးပြီးသည့် အချိန်မှ ယခုအချိန်အထိသိန်း ဂဏန်းမျှသာဈေးမြင့်တက်လာသေး သည်ဟုမြို့သစ်များရှိအိမ်ခြံမြေ လုပ်ငန်းလုပ်ကိုင်နေသူ အများစုထံ မှ သိရသည်။
“အရှေ့ဒဂုံမှာက မြေကွက် ကြီးပဲဆိုရင် ပေ ၄၀_၆၀ကို သိန်း ၇၀ သိန်း ၈၀လောက်ပဲရှိတယ်။ ဒါတောင် နေရာကောင်းတဲ့ မြေ ကွက်တွေ”ဟု ဒဂုံမြို့သစ်ရှေ့ပိုင်းရှိ တပိုင်တနိုင်အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။
ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ လူအ များစုနေထိုင်ကြသည့် နေရာများမှာ မြောက်ဒဂုံနှင့် ကပ်လျက်နေရာများ ဒဂုံတက္ကသိုလ်အနီးရှိ ရပ်ကွက်များ တွင်ဖြစ်သည်ဟု သိရသည်။ ထို့ပြင် ဒဂုံမြို့သစ်တောင်ု့ပိုင်းရှိ မြေကွက်ဈေးနှုန်းများမှာ အနိမ့်ဆုံး သိန်း ၂၀မှ အမြင့်ဆုံး သိန်း ၃၅၀ဝ အထိရှိပြီး အိမ်ခြံမြေ ဈေးနှုန်းများမှာ အနိမ့်ဆုံးသိန်း ၁၀ဝ မှ အမြင့်ဆုံး သိန်း ၈၀ဝ၀အ ထိရှိသည်ဟု ဒဂုံမြို့သစ်တောင်ပိုင်း ရှိအိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူ အများစုထံမှ သိရသည်။
“တောင်ဒဂုံမှာကတော့ အရောင်း အဝယ်ကသူ့ဘာသာတော့အနည်း အကျဉ်းတော့ ရှိပါတယ်။ မြေကွက် တွေပြန်ပေးပြီး နောက်ပိုင်းမှာတော့ ပိုအလုပ်ဖြစ်လာတယ်။ အငှားက လဲ သူ့ဘာသာတော့ရှိတယ်။ ရပ် ကွက်တွေမှာလဲရပ်ကွက်အလိုက်နေ တဲ့သူတွေရှိတယ်။ တိုက်ခန်းလဲ သူ့ဘာသူ့အလုပ်ဖြစ်နေတတ်တယ်။ လုံးချင်းတွေကလဲ နေတဲ့သူက အနည်းအကျဉ်းတော့ရှိတယ်”ဟု ဒဂုံမြို့သစ်တောင်ပိုင်းရှိ တပိုင်တနိုင် အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးကပြောသည်။
ထိုကဲ့သို့ ပင်ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေဈေးကွက်များမှာ လဲ အရောင်းအဝယ်/အငှားဈေး ကွက်မှာပြန်လည် အလုပ်ဖြစ်ပြီး အနည်း ငယ်ဈေးမြင့်တက်လာမှု များရှိသည်ဟု သိရသည်။ ဒဂုံမြို့ သစ်မြောက်ပိုင်းရှိ အိမ်ခြံမြေဈေး ကွက်မှာ အနိမ့်ဆုံး သိန်း ၃၀ဝ မှ အမြင့်ဆုံးသိန်း ၈၀ဝ၀ ထိရှိသည် ဟု ဒဂုံမြို့သစ် မြောက်ပိုင်း အခြေစိုက် Myanmar Top Stae မှတာ ဝန်ရှိသူတစ်ဦးက ဆိုသည်။
“မြေကွက် အလွတ်ကြီးပဲဆို ရင် အနိမ့်ဆုံး သိန်း ၃၀ဝ ကျော်က နေ အမြင့်ဆုံး သိန်း ၄၀ဝ၀ အထိရှိ တယ်။ အငှားဈေးကွက်တော့ အစားစားပဲ ရှိတယ်။လမ်းအပေါ်ရပ် ကွက်အပေါ် အိမ်အပေါ်မူတည်ပြီး ဈေးအပြောင်းအလဲ ရှိတယ်”ဟု ၄င်းက ဆက်လက်ပြောသည်။ ထိုကဲ့သို့ ဒဂုံမြို့သစ်များရှိ မြေဈေး အိမ်ဈေးခြံဈေးများအ ရောင်း အဝယ်ပြန်လည် အလုပ်ဖြစ် လာပြီး ဈေးမြင့်တက် လာရခြင်းမှာ ငွေဈေး၊ ကားဈေးအပြင် သိမ်းထား သည့် မြေကွက်များအားပြန်လည် ပေးအပ်လိုက်ခြင်းကြောင့် ဖြစ်သည် ဟု အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်နေ သူ အများစုထံမှ စုံစမ်းသိရသည်။
ညိမ်းပြည့်စုံ
Venus News Journal

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...