ဧဒင်အချစ်ပုံပြင်: သမိုင်းတစ်လျှောက်ကြိုတင်မှာယူမှုအများဆုံးအဖြစ်Galaxy S3ရပ်တည်

Wednesday 23 May 2012

သမိုင်းတစ်လျှောက်ကြိုတင်မှာယူမှုအများဆုံးအဖြစ်Galaxy S3ရပ်တည်

                                                       ဧဒင်အချစ်ပုံပြင်


မိုဘိုင်းလ်ဖုန်း ထုတ်လုပ်ရောင်းချမှု သမိုင်းတစ်လျှောက် ကြိုတင်မှာယူမှု အများဆုံး လက်ခံရရှိသော အမျိုးအစားအဖြစ် Galaxy S3က
ရပ်တည်နိုင်ခဲ့ပြီ ဖြစ်သည်။ Samsungက ထုတ်လုပ်သည့် Android OS အခြေပြု ဖုန်းသစ်သည် ကြိုတင်အမှာစာ (၉)သန်း လက်ခံ
ရရှိခဲ့သည်။ ထိုစံချိန်သည် Apple၏ iPhone 4Sက တင်ရှိထားသော ကြိုတင်အမှာစာ (၄)သန်း စံချိန်၏ နှစ်ဆကျော်ထိ များပြားနေ
ခဲ့သည်။ လေ့လာသူများက Android OSသုံး ဖုန်းများ၏ ဈေးကွက် လွှမ်းမိုးမှုသည် ယနေ့ခေတ်တွင် သန်းပေါင်း(၃၅၀)မျှ ရှိနေသော်
လည်း (၂၀၁၃)အကုန်တွင် (၁)ဘီလျံထိ မြင့်တက်လာမည်ဟု ခန့်မှန်းထားသည်။ Galaxy S ဖုန်းစီးရီးများသည် Android OSသုံး
ဖုန်းများအနက် ရောင်းပန်းအလှဆုံး ဖြစ်နေခဲ့သည်။



Galaxy S2ကို ရောင်းချကတည်းက အသုံးပြုသူများ၏ အထင်ကြီး လေးစားမှုကို ပိုင်ဆိုင်နိုင်ခဲ့သည့်နောက် Samsungအတွက်

Galaxy S3ကို ရောင်းချရာတွင် အလွန် မြင့်မြင့်မားမား မျှော်လင့် ခံထားရသည်။ အဆိုပါဖုန်းကို ဗြိတိန်တွင် မေလ(၂၉)ရက်နေ့၌
စတင်ရောင်းချမည် ဖြစ်သည်။ iPhone 4Sသည် ကြိုတင်အမှာစာ (၄)သန်းထိ ရရှိခဲ့သော်လည်း Galaxy S3၏ စံချိန်နှင့် ယှဉ်ပါက
မျက်နှာငယ်လာရသည်။ Samsungသည် ဈေးကွက် ၀ယ်လိုအားကို အမီလိုက်ရန်အတွက် လုပ်သား (၇၅၀၀၀)ကို အသုံးပြုကာ
Galaxy S3 ဖုန်းသစ်များ ထုတ်လုပ်နေရကြောင်း သိရှိရသည်။

Samsungသည် ဈေးကွက်အတွင်း Galaxy S3ကို လိုအပ်ချက်အမီ ဖြည့်ဆည်းနိုင်ရန်အတွက် တစ်လလျှင် အလုံးရေ (၅)သန်း
ထုတ်လုပ်ရေး ရည်ရွယ်ထားရာ လုပ်သားတစ်ဦး တစ်နေ့လျှင် ဖုန်း(၆၆)လုံး ထုတ်လုပ်ရမည့် အခြေအနေ ဖြစ်သည်။ Galaxy
S3အတွက် အမှာစာများသည် ကမ္ဘာ့ဒေသအပိုင်းအခြား တစ်ခုတည်းမှ မဟုတ်ဘဲ ကမ္ဘာအရပ်ရပ်မှ ရောက်ရှိလာခြင်းဖြစ်ပြီး
အဆိုပါဖုန်းသည် ယခုနှစ်အတွင်း ကမ္ဘာပေါ်တွင် ပေါ်ပြူလာ အဖြစ်ဆုံး မိုဘိုင်းလ်ဖုန်း ဖြစ်လာနိုင်ကြောင်း လေ့လာသူများက
သုံးသပ် ပြောကြားထားသည်။

Planet Myanmar

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...