ဧဒင်အချစ်ပုံပြင်: -မြောက်ဒဂုံ ၇/၈ ဆေးရုံမှ သတင်းတပုဒ်-

Wednesday 13 June 2012

-မြောက်ဒဂုံ ၇/၈ ဆေးရုံမှ သတင်းတပုဒ်-

မြောက်ဒဂုံ ၇/၈ ဆေးရုံ ကို လွန်ခဲ့သောတပါတ်ခန့်ကဒေါက်တာ ဒေါ်သူဇာအောင် သည် ဆေးရုံအုပ်ကြီး ရာထူးဖြင့်ပြောင်းရွှေ့လာခဲ့သည်ဟု ဆိုသည် ။ ဆေးရုံအုပ်ကြီးဒေါ်သူဇာအောင်သည် မြောက်ဒဂုံ ၇/၈ ဆေးရုံတွင် အဆက်ဆက်တာဝန်ထမ်းဆောင်ခဲ့သော ဆေးရုံအုပ်ကြီးများနှင့် မတူပဲ ဆေးရုံဝန်ထမ်းများအား ဆဲဆိုကြမ်းမောင်းခြင်း ၊ ဆေးကုသမူ့ခံယူနေသော လူနာများအား အော်ဟစ်ခြင်း ၊ ဆေးရုံကြီး လူမြင်ကွင်းတွင် ဆဲဆိုနေရုံသာမက ဆေးရုံမှ တံခါးအား ခြေထောက်ဖြင့် ၀ုန်းဝုန်းဒိုင်းဒိုင်း
ကန်ခြင်းတို့ကို ပြုလုပ်ခဲ့သည်ဟုဆေးရုံဝန်ထမ်းများမှ ပြောပြသည် ။ ထိုသို့ ပြုမူရုံသည့်အချိန်တွင် သူမအားကြည့်ရှု့မိသည့် လူငယ်တစ်ယောက်အား သူမ၏မွေးရာပါအင်္ဂါနှင့် ပါ နိုင်းချွတ်၍ဆဲရေးခဲ့သည် ။ ဆေးရုံဝန်ထမ်းများမှာလည်း နေ့စဉ်မွေးရာပါအင်္ဂါနှင့် နိုင်း၍ ဆဲဆိုခြင်းခံခဲ့ရသည် ။ ထိုမျှသာမက လူနာမစံပါယ်၏ မိခင်ဖြစ်သူက ဆေးရုံအုပ်ကြီးအား လူနာမစံပါယ်အားဆေးရုံပြောင်းရွှေ့ရန် သွားရောက်တင်ပြသောအခါ " ပြောင်းကြ ပြောင်းကြ စောက်ခွက်တွေ ကြည့်ကို မကြည့်ချင်ဘူး " ဟု ရိုင်းပြစွာ ပြောဆိုခဲ့သည် ။ ဆေးရုံအုပ်ကြီး၏ အပြုအမူများမှာလွန် စွာဆိုးဝါးလာသည့်အပြင် ဆရာဝန်တစ်ယောက်၏ ကျင့်ဝတ်များနှင့် မညီညွတ်တော့သည့်အတွက်ဆေးရုံ မှ ဆရာဝန်များ ၊ သူနာပြုများ မှ တိုင်းရုံးအားတိုင်ကြားခဲ့ရာ ၊ တိုင်းရုံးမှ လာရောက်စစ်ဆေးခဲ့သည် ။ ဤကဲ့သို့ တိုင်းရုံးမှ လာရောက်စစ်ဆေးခဲ့ရာတွင် ဆေးရုံဝန်ထမ်းများအားစစ်ဆေးခြင်း ၊ ဆေးရုံမှ ပြောင်း/ဆင်း ပြီးသော လူနာများကိုစစ်ဆေး ခြင်း တို့ကို ပြုလုပ်ခဲ့သည် ။ ဆေးရုံအုပ်ကြီးအား စစ်ဆေးခဲ့ရာတွင် ဆေးရုံအုပ်ကြီးမှ သူမ၏ အပြုအမူများအား ငြင်းဆိုခဲ့သည်ဟု ဆို၏ ။ တိုင်းရုံးမှ လာရောက်စစ်ဆေးခဲ့သော်လည်း မည့်သည့် အရေးယူခြင်းတစုံတရာမှ မရှိခဲ့သည့်အတွက် ၊ ဆေးရုံအုပ်ကြီး ၏ ဒုက္ခကိုဆေးရုံမှ ၀န်ထမ်းများနှင့် လူနာများမှာ ငရဲကျသလို ခံစားနေရသည် ဟု ဆေးရုံအသိုင်းအ၀ိုင်းမှ ခိုင်လုံသောသတင်းရရှိသဖြင့် ကျန်းမာရေးဝန်ကြီးဌာန နှင့်မိဘပြည်သူများသိရှိအောင် တင်ပြလိုက်ရပါသည် ။


 ** မာဃလုလင်**

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...