ဧဒင်အချစ်ပုံပြင်: မဲရဖို့အတွက် လူတွေသွင်းခဲ့တဲ့ အမှား

Wednesday 13 June 2012

မဲရဖို့အတွက် လူတွေသွင်းခဲ့တဲ့ အမှား



“နိုင်ငံတော်ရဲ့ ဝင်ပေါက် အနောက်တံခါးကို ကျွန်တော်တို့ ရခိုင်လူမျိုးတွေက နှစ်ပေါင်းများစွာ အသေခံပြီး ဖြစ်ဖြစ် အငတ်ခံပြီး ဖြစ်ဖြစ် စောင့်ရှောက်ခဲ့တယ်။

ဒါပေမဲ့ အစိုးရ ဝန်ထမ်းတွေက အကျင့်ပျက်ခဲ့တာတွေ ရှိတယ်။ ပိုက်ဆံပေးပြီး လိုချင်တာတွေ ဖန်တီးသွားခဲ့တာတွေ ရှိတယ်။ အောက်ခြေမှာ ဖြစ်ခဲ့တာတွေက ကျွန်တော်တို့ နေခဲ့တဲ့
 ခေတ်အဆက်ဆက်ပဲ …။

မဲရဖို့အတွက် လူတွေသွင်းခဲ့တဲ့ အမှားပဲ။ ခေတ်အဆက်ဆက်မှာ မှားခဲ့တာတွေ အများကြီးပဲ။ သတိမရှိခဲ့တဲ့ အခါကျတော့ ဘူးသီးတောင်၊ မောင်တော ကျဆုံးမလို ဖြစ်နေပြီ။

ကျွန်တော်တို့ရဲ့ သဘောထားကတော့ ကျွန်တော်တို့ရဲ့ ပိုက်နက်မြေကို တစ်လက်မမှ အဆုံးရှုံးမခံနိုင်ဘူး။ နှစ်ပေါင်းများစွာ ဘိုးဘေးစဉ်ဆက် အမွေပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့မြေ၊ ကျွန်တော်တို့ရဲ့လေ၊ ကျွန်တော်တို့ရဲ့ရေ တစ်လက်မမှ မပေးဘူး။

အဆုံးရှုံးမခံဘူး။ ကျွန်တော်တို့ ကာကွယ်သွားမှာပါ” ဟု ဒေါက်တာ အေးမောင်က ပြောဆိုသည်။

ဇွန်လ (၈) ရက်နေ့ထုတ် True News ဂျာနယ်ပါ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ စစ်တွေမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် တွေ့ဆုံခြင်းမှ ကောက်နုတ်ချက်

From: The Voice Weekly

1 comment:

  1. အေးဗျာတကယ်ကို ထိန်းသိမ်းသင့်တယ်..
    မြန်မာတိုင်းရင်သားကလွဲရင် တိုင်းတစ်ပါးသားဆို
    မထားသင့်တော့ဘူး

    ReplyDelete

Related Posts Plugin for WordPress, Blogger...