ဧဒင်အချစ်ပုံပြင်: ၀န်ကြီးမ၀င်ရ၊ ဒါ ဘယ်သူ့ကားထင်သတုံးကွနှင့် အဂတိတရားလေးပါး

Friday 15 June 2012

ဝန်ကြီးမ၀င်ရ၊ ဒါ ဘယ်သူ့ကားထင်သတုံးကွနှင့် အဂတိတရားလေးပါး




(တစ်)
တစ်ခါတုန်းကဟုပဲ ဆိုကြပါ စို့။ ရန်ကုန်မြို့တစ်နေရာရှိ ယာဉ် အသွားအလာထူထပ်သောမီးပွိုင့် တစ်ခုတွင် မီးနီပြထားသည့်အ ခိုက် အိမ်သုံးကားတစ်စီးက မီးနီ ကိုဇွတ်ကျော်ဖြတ်ကာ မောင်းချ သွားလိုက်ပါသည်။ ဒါကို မီးပွိုင့် အလွန် လမ်းဘေးတစ်နေရာတွင် တာဝန်ကျနေသည့် ယာဉ်ထိန်းရဲ ကလေးက မြင်သဖြင့် လှမ်း၍ တားပါသည်။ စည်းကမ်းကို ဖောက်ဖျက်ထွက်လာသောယာဉ် ဖြစ်သည့်အတွက် လမ်းစည်းကမ်း ယာဉ်စည်းကမ်းနှင့်အညီ အရေး ယူရန် ကားလိုင်စင်အပါအ၀င် လိုအပ်သောစာရွက်စာတမ်းများ ကိုတောင်းပါ၏။
ကားမောင်းသူက ထီမထင် သောမျက်နှာနှင့်။ သူက ယာဉ် ထိန်းရဲကလေး ဘာမှ ဆက်မလုပ် ရဲတော့အောင် စကားတစ်ခွန်း တည်းပဲပြောပါသည်။ ဒါ ဘယ် သူ့ကား ထင်သတုံးကွ..တဲ့။ မသိ။ ဒါ ဘယ်သူ့ကားမှန်း ကျွန် တော်မသိ။ ထို့အတူ ယာဉ်ထိန်းရဲ ကလေးလည်းမသိ။ လမ်းပေါ်တွင် သွားလာလှုပ်ရှားနေသူတွေလည်း မသိ။ ဒါ ဘယ်သူ့ကားပါလိမ့်။ ဤသို့ဖြင့် ဘယာဂတိဆိုသော အကြောက်တရားဖြင့် တရားကို စီရင်ကာ ထိုမော်တော်ကားအပြစ်မှ လွတ်မြောက်သွားခဲ့ပါလေသည်။

(နှစ်)
စပ်မိစပ်ရာ သတင်းအတိုအ ထွာကလေးနှစ်ပုဒ်ကို သတိရမိပါ သည်။ တစ်ပုဒ်က အင်္ဂလန်နိုင်ငံ
ကသတင်း။ ဗြိတိသျှဘုရင်မကြီး အယ်လိဇဘက်၌ သမီး တစ် ယောက်ရှိပါသည်။ အဲန်း...တဲ့။ ထိုမင်းသမီးက ကားမောင်းကြမ်း သူဖြစ်လေရာ ၂၀၀၀ ပြည့်နှစ် သြဂုတ် ၂၇ ရက်နေ့က ကားကို မိုင်နှုန်းထက်ကျော်၍ မောင်းပါ သည်။ ၁ နာရီကို ၉၃ မိုင်နှုန်းနှင့် မောင်းလေသတဲ့။ ထိုစဉ်က အဲန်း မင်းသမီးမောင်းနှင်သွားရာလမ်း ပေါ်၌ ၁နာရီကို မိုင် ၇၀ နှုန်းနဲ့ပဲ ခွင့်ပြုထားရာ ၂၃ မိုင်နှုန်း ပို မောင်းထားခြင်းပင်ဖြစ်ပါသည်။ သို့ဖြင့် ရဲက တရားစွဲပါသည်။ ဒဏ်ရိုက်ပါ၏။ ပေါင် ၂၀၀ ကျော် အပြင် တရားရုံးစရိတ် ပေါင် ၃၀ ကိုပါ ထပ်ဆောင်း၍ ဒဏ်ရိုက် ခြင်းဖြစ်ပါ၏။ ဗြိတိသျှဘုရင်မကြီး အယ်လိဇဘက်၏ သမီးဖြစ်သော် လည်း ပေးဆောင်စေ။ အဲန်းမင်း သမီး ကျေကျေနပ်နပ်နှင့် ဒဏ် ငွေကို ပေးဆောင်သွားခဲ့သည်။
နောက်ထပ်သတင်းတစ်ပုဒ်ကမူ မလေးရှားနိုင်ငံက သတင်း။ မလေးရှားဝန်ကြီးချုပ် ဘာဒါဝီ၏ သတင်း။ ၀န်ကြီးချုပ်၏ နာမည် အပြည့်အစုံက အဗ္ဗဒလာအာမက် ဘာဒါဝီ။ တစ်နေ့သော် ယာဉ် ထိန်းရဲက ယာဉ်စည်းကမ်းဖောက် ဖျက်မှုဖြင့် ၀န်ကြီးချုပ်ကို တရားစွဲ ဆိုပါသည်။ စုစုပေါင်း အမှု ၁၁မှု။ မိုင်နှုန်းကျော်၍ မောင်းနှင်မှုက ၅မှု၊ ယာဉ်ကြောမှားယွင်းမှုက ၄မှု၊ ကားမရပ်ရသောနေရာတွင် ရပ်မှု က ၂မှု၊ စုစုပေါင်း၁၁မှုဖြစ်ပါ၏။ သည့်အတွက် ၀န်ကြီးချုပ်ကို မလေးရှားရင်းဂစ် ၁ç၀၀၀ ဒဏ်ငွေ ရိုက်ပါသည်။ ၀န်ကြီးချုပ်က ကျေ ကျေနပ်နပ်ကြီးကိုပင်လျှင် ဒဏ် ငွေကို ပေးဆောင်သွားပါလေ၏။
သည်သတင်းနှစ်ပုဒ်လုံးကို ကြည့်လျှင် အပြစ်တစ်ခု (သို့မ ဟုတ်) အမှားတစ်ခု ကျူးလွန်မိ လေသောအခါ ယင်းကို ပြစ်ဒဏ် ပေးမည့်သူနှင့် ပြစ်ဒဏ်ကို ကျခံ ရမည့်သူနှစ်ဦးလုံးတို့သည် မည် သည့်အဟန့်အတားမှမရှိ ကျေနပ် စွာလိုက်နာကြသည့် စိတ်သဘော ထားကြီးမြတ်မှုကို သတိပြုနိုင်ပါ သည်။ အဲန်းမင်းသမီးကလည်း ငါ ဘုရင်မကြီးရဲ့သမီးပဲဟူ၍ ငါ့မြင်း ငါစိုင်းပြီး စစ်ကိုင်းသို့ မရောက်။ အဗ္ဗဒလာအာမက်ဘာဒါဝီကလည်းငါ ၀န်ကြီးချုပ်ပဲဟူ၍ ငါ့လှေငါထိုးပြီး ပဲခူးသို့မရောက်။
ယာဉ်ထိန်းရဲကလေးများက လည်း ဘုရင်မသမီးမို့၊ ၀န်ကြီးချုပ် မို့ဟုဆိုကာ အကြောက်တရားဖြင့် ဘယာဂတိကိုလိုက်စားပြီး အမှုကို မဆုံးဖြတ်။

(သုံး)
မြန်မာကြိုက် ပါးစပ်ရာဇ ၀င်တစ်ခုထဲ၌ သည်စိတ်အထား အသိုမျိုးကို ကျွန်တော်တို့ဖတ်ဖူး ကြပါသည်။
ခေတ်က ညောင်ရမ်းခေတ်။ ဘုရင်က သာလွန်မင်းတရားကြီး။ ၀န်ကြီးက ဗညားကျန်းတော။ တစ်နေ့တွင် ဘုရင်နှင့် ၀န်ကြီးတို့ စစ်ကိုင်းဘက်သို့သွားပြီး အင်းဝ သို့ပြန်လာရာ တော်တော်ကြီး မှောင်မှ မြို့ရိုးအနီးသို့ရောက်ပါ သည်။ ဤတွင် မာန်အောင်တံခါး မှူးအား တံခါးဖွင့်ခိုင်းရာ တံခါး မှူးက ညအမှောင်တွင် မည်သူ မည်ဝါမှန်း ခွဲခြားမသိသဖြင့် ဖွင့် မပေးနိုင်ကြောင်း၊ ၀န်ကြီးဟုဆိုရုံ နှင့်ဖွင့်ပေးရစတမ်းဆိုလျှင် လူဆိုး သူခိုးတို့ ၀န်ကြီးဟုဆိုကာ မြို့ထဲ သို့ဝင်ရောက်လာမည်ကိုကြောက် ရကြောင်း စသည်ဖြင့် မြို့ရိုးပေါ် ကပြန်ပြောသဖြင့် အခြားအလွယ် တကူဖွင့်ပေးသော အောင်ထွန်း တံခါးမှူး၏ တံခါးပေါက်မှ ၀င်ခဲ့ရ
ပါသည်။ ဤတွင် အံ့သြဖို့ ကောင်းသည်မှာ နောက်တစ်နေ့ နံနက်၌ ၀န်ကြီးဗညားကျန်းတောက မြို့ရိုး
တံခါးဖွင့်မပေးသည့် တံခါးမှူးကို ဆုချပြီး ဖွင့်ပေးသူကို အပြစ်တင်ခဲ့ခြင်းပင်ဖြစ်ပါသည်။ စည်းကမ်း
အရ အမှောင်ထဲတွင် ၀န်ကြီးဝင်ခွင့်မရခဲ့သော ပါးစပ် ရာဇ၀င်အလှပဲဖြစ်ပါလေသည်။ ၁၂၆၈ ခုနှစ် ရန်
ကုန်မြို့ လမ်းမတော်ရပ် မြန်မာ့သြဘာစာအုပ် တိုက်ထုတ် အတ္ထုပ္ပတ္တိထူးစာအုပ် ထဲတွင် ဖတ်ရှုနိုင်ပါ၏။

(လေး)
စည်းကမ်းနှင့်ပတ်သက်လာ လျှင် ၀န်ကြီးလည်း မ၀င်ရသည့် ဘယာဂတိဝေးကွာသောဖြစ်ရပ် မှာ ဘယ်လောက်ကျက်သရေရှိ လိုက်လေသလဲ။
အဲန်းမင်းသမီးလည်း ဒဏ် ငွေဆောင်ပေတော့။ ၀န်ကြီးချုပ် ဘာဒါဝီလည်း ဒဏ်ငွေဆောင်
ပေတော့။ ဘယ်သူ့ကားပဲဖြစ်ဖြစ် တာဝန်ကျ ယာဉ်ထိန်းရဲသားကလေးက လှမ်းတားပြီး မီးနီကျော်
ဖြတ်မောင်းနှင်မှုကို အကြောက်အရွံ့ကင်းစွာ ဒဏ်ရိုက်နိုင်ပြီး ဒဏ်အရိုက်ခံရသူကလည်း ကျေကျေ
နပ်နပ်နှင့် အော်ဒါ ငါ့အပြစ်ပါလားဟု လက်ခံ သောလမ်းများကို ကျွန်တော်တို့ နိုင်ငံမှာ အမြန်ဖောက်နိုင်
ကြပါစေသားဟူ၍...။ ။
ရေးသားသူ-မောင်သာချို

1 comment:

  1. အေးလေဗျာ...ခုလောက်ဆိုဖြစ်သင့်နေပါပြီ..

    ReplyDelete

Related Posts Plugin for WordPress, Blogger...