သဘောထား တင်းမာပြီး ဆိုးသွမ်းတဲ့ အလုပ်ရှင် သူဌေးကြောင့် အလုပ်ခွင်မှာ သာမက ကိုယ်ပိုင်ဘဝမှာပါ ထိခိုက်မှုများ ကြုံတွေ့နိုင်ကြောင်း ပြင်သစ် သုတေသီ များက တွေ့ရှိ ထားပါတယ်။ ယခင် လေ့လာမှုများအရ လည်း ဆွီဒင်သုတေသီများက အနိုင်ကျင့်တဲ့ သူဌေးကြောင့် အလုပ် သမားတွေဟာ နှလုံးရောဂါ ဖြစ်တန်စွမ်း အခွင့်လမ်း အလွန်မြင့်မား ကြောင်း တွေ့ခဲ့ရပါတယ်။
ယခု သုတေသနအရ ဘော့စ်ရဲ့ အနိုင်ကျင့် ခြင်းခံရသူဟာ ပြဿနာကို အိမ်ကိုသယ်ဆောင်လာပြီး မိသားစုနှင့် ရန်ဖြစ်ခြင်း၊ ပေါက်ကွဲခြင်းများ ပြုလုပ်ပါတယ်။ အလုပ်သမားတွေရဲ့ပြောကြားချက်အရ သူတို့အတွက် အကြီး မားဆုံး အခက်အခဲဟာ သူတို့ရဲ့မန်နေဂျာက အမှန်တရားနဲ့မနီးစပ်တဲ့ မျှော်မှန်းချက်များ၊ ပန်းတိုင် Target များ ချမှတ်လုပ်ဆောင်စေ ခြင်းကြောင့် အလုပ်ခွင်မှာ အမြဲတမ်းအရေးပေါ် အခြေအနေဖြစ်နေခြင်း ဖြစ်ပါတယ်။
မဖြစ်နိုင်တဲ့ ပန်းတိုင်များချမှတ်ခြင်းကြောင့် ဆိုးဝါးတဲ့ စိတ်ဖိစီးမှုနှင့် ကြုံတွေ့ရပါတယ်။ အကယ်၍ သင့်အလုပ်ဟာ သင့်ရဲ့ရုပ်ပိုင်း သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေမှု ရှိတယ်ဆိုရင် တရားထိုင်ပါ၊ ယောဂလုပ်ပါ၊ အခြားဌာနခွဲသို့ ပြောင်းရွှေ့ပါ။ သင့်သူဌေး နဲ့ ကောင်းကောင်းမွန်မွန် ဆွေးနွေးပါ (သင် ပိုမိုကောင်းမွန်စွာ လုပ်ပေးနိုင်တဲ့အရာတွေ၊ သင်ပိုမိုကူညီနိုင်တာတွေ၊ သင်မလုပ်ပေးနိုင်တဲ့ အရာတွေ) ဝန်ထမ်းစီမံခန့်ခွဲမှုဌာနနှင့် ဆွေး နွေးပါ (သို့သော် သင့်လူကြီးက ထိုဌာနနှင့် ပိုမို အလွမ်းသင့်လျှင် သင်အဆင်မပြေနိုင်ပါ) အဲဒါတွေ အဆင်မပြေလျှင် ကျန်းမာရေး ထိခိုက်ခံပြီး တွယ်ကပ်မနေပါနှင့်။ အလုပ် သစ်ရှာပါ။
သိသင့်တာလေးတွေ လာဖတ်ခဲ့တယ်
ReplyDeleteဒီစာဖတ်လိုက်ရတော့ သမာသမတ်မရှိတဲ့ မန်နေဂျာကို ပြေးသတိရတယ်။
ReplyDelete