‘ဆယ့်နှစ်ကြိုးကဝေ’ ဒီဗီဒီဇာတ်ကားကြီး အထူးပွဲကို အေသင်ချိုဆွေလည်း တက်ရောက်ကြည့်ရှုခဲ့ပါတယ်။ ဒီဗီဒီဇာတ်ကားကြီး မှာ စိုင်းစိုင်းခမ်းလှိုင်၊ ဝိုင်းစုခိုင်သိန်း၊ အေ သင်ချိုဆွေနဲ့ အနုပညာရှင်များစွာက ပါဝင်သရုပ်ဆောင်ထားပြီး အေသင်ချိုဆွေက တစ်ဖက်သတ်ကြိုက်တဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းရိုက်ကူးခဲ့စဉ်က အမှတ်တရတွေနဲ့ပတ်သက်ပြီး… ”ဒီဇာတ်ကားရိုက်ထားတာ ၁ နှစ် လောက်ရှိသွားပြီ။ အေသင်က အမာခန်းက သရုပ်ဆောင်ရတာ
ဆိုတော့ သေချာပြင်ဆင်ခဲ့ရတယ်။ အေသင်စီစဉ်ထားတဲ့ အင်္ကျီတွေက အရောင်ဖျော့ဖျော့တွေချည်းပဲ။ ဦးမီးပွားစီစဉ် ခိုင်းတာက အရောင်တောက်တောက်တွေ။ အဲဒီလိုမျိုးအခက်အခဲတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အကောင်းဆုံးဖြစ်သွားပါတယ်။ ဒီကားရိုက်တုန်းက ဝမ်းနည်းစရာအမှတ်တရတစ်ခုက အေသင့်အဘိုး ဆုံးသွားတယ်။ အဲဒီဆုံးသွားတဲ့နေ့ကဆို တစ်မနက်လုံး ငိုထားတာ ရှုတင်တောင်မလာချင်တော့ဘူး။ အေသင်ရှုတင်မသွားရင်လည်း အဘိုးက ပြန်ရှင်လာမှာ မဟုတ်ဘူး ဆိုပြီး အမေတို့က ပြောတယ်။ စိတ်မကောင်းဖြစ်နေတဲ့အချိန်၊ ကြိုးစားပြီးသရုပ်ဆောင်လိုက်တဲ့အခါမှာ ပြန်ကြည့်မိတော့ တအားကျေနပ်တယ်”လို့ လည်း ပြောပါတယ်။ ဒီဇာတ်ကားမှာ အေသင်ချိုဆွေက တအားအချစ်ကြီးပြီး ကလဲ့စားချေတတ်သူအဖြစ် ပီပြင်စွာသရုပ်ဆောင် ထားတာကိုလည်း တွေ့ရပါတယ်။ ဇာတ်လမ်းထဲမှာလို အပြင်မှာလည်း အချစ်ကြီးသူ တစ်ယောက်လားဆိုတာ မေးကြည့်တော့ အေသင်ချိုဆွေက…”ချစ်တာတော့ချစ်တတ်ပါတယ်။ အေသင်ကတအားအချစ်ကြီးတာ၊ စိတ်ခံစားမှုလည်း တအားလွယ်တယ်။ ဒါပေမဲ့ အဲဒီလိုပုံစံမျိုးတော့ တစ်ခါမှမကြုံဖူးဘူး။

တွယ်တာ
No comments:
Post a Comment