စူပါမော်ဒယ်လေးတွေရဲ့ အလှအပနဲ့ပတ်သက်တဲ့
အမူအကျင့်တွေကို လူတိုင်းသိချင်နေကြတယ်နော်။ ဘာလို့လဲဆိုတော့ သူတို့က
အရမ်းလှတာကိုး။ ခု စင်မြင့်တွေပေါ်မှာနတ်သမီးလေးတွေလို အမြဲလှနေတဲ့
Victoria’s Secret မော်ဒယ်လေးတွေရဲ့အမူအကျင့်လေးတွေကို
ရင်နှင်းလေ့လာထားတယ်။ သူငယ်ချင်းတို့ကို ပြောပြမယ်နော်။
Alessandra Ambrosio

သူမရဲ့မလုပ်မဖြစ်
အလေ့အထအကျင့်တစ်ခုက ညအိပ်ယာဝင်ခါဝင်ခါနီးတိုင်း မိတ်ကပ်တွေကို
စင်ကြယ်အောင်ဖျက်တာပါပဲ။ အသားအရေကို ထိခိုက်မှာစိုးလို့ သူမ
ဘယ်လောက်ပင်ပန်းနေပါစေ မိတ်ကပ်တွေကိုတော့ ရအောင်ဖျက်တာပါပဲတဲ့။ ပြီးတော့
သူမက အုန်းရေကို အမြဲသောက်ပါတယ်။ အုန်းရေမှာ သတ္တုဓာတ်တွေ အများကြီးပါပါတယ်။
ပြီးတော့ ရေဓာတ်ကို ကောင်းကောင်းဖြည့်ပေးပါတယ်။
Lily Aldridge

တရက်ကို
အနဲဆုံး၇နာရီတော့ အိပ်ဖြစ်အောင် အိပ်တတ်တဲ့သူပါ။ ပြီးတော့ သူမက
ရေမွှေးရဲ့အရေးပါပုံကိုပါ ပြောပြပါသေးတယ်။ ရေမွှေးနံ့ကောင်းကောင်းလေး
ဆွတ်ထားရင် တစ်နေ့လုံးစိတ်ရွှင်လန်းနေမှာပါ။ အဲ့ဒီတော့ မျက်နှာလေးလည်း
ကြည်ပြီး လန်းနေတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ပိုတိုးလာပါတယ်။
သူမအတွက်တော့ ရေမွှေးကောင်းလေးဟာ မရှိမဖြစ်ပါပဲတဲ့။
Andriana Lima

သူမရဲ့အလှအပ
လျှို့ဝှက်ချက်က ဘယ်ရီသီးတွေပါတဲ့။ ဘယ်ရီသီးတွေမှာ
ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ အများကြီးပါဝင်လို့ နုပျိုစေတယ်။ အဆီတွေကို
ချေဖျက်ပေးပါတယ်။ ပြီးတော့ ခန္ဓာကိုယ်ကျစ်လျစ်သွယ်လျအောင်၊ ကျန်းမာအောင်၊
ဖျတ်လတ်တက်ကြွနေအောင် အားကစားကို တပတ်ကို ၅ ရက်လောက်တော့
ဖြစ်အောင်လုပ်ပါတယ်တဲ့။
Rosie Huntington-Whiteley

သူမက
အသားအရေကို သေချာထိန်းသိမ်းပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက်
မျက်နှာပေါင်းတင်ပါတယ်။ မျက်နှာပေါင်းတင်ခြင်းရဲ့အစွမ်းက အံ့မခန်းပါပဲ။
မျက်နှာကို ဂရုစိုက်ပေါင်းတင်နေတဲ့သူနဲ့ ပေါင်းမတင်တဲ့သူတွေက
ကွာကိုကွာတာပါလို့ သူမက ပြောပါတယ်။
Doutzen Krose

မျက်နှာနဲ့
လိုက်ဖက်တဲ့ဆံပင်ပုံစံဖြစ်နေအောင် အမြဲဂရုစိုက်ပါတယ်။ ဆံပင်ပုံစံက
မျက်နှာပုံစံကို ပြောင်းလဲစေလို့ပါတဲ့။ အိုင်းလိုင်နာခြယ်ပြီး
မျက်တောင်ကော့ရတာလည်း သူ့အလှအတွက် မလုပ်မဖြစ်ပါပဲတဲ့။
သူတို့ပြောသွားတဲ့အထဲမှာ မှတ်သားစရာတွေ အများကြီးပါပါတယ်။ အတုယူပြီး အသုံးချကြည့်နော်။
by myanmarskylink.com မှာဝေမျှပေးသည်...
No comments:
Post a Comment