ဧဒင်အချစ်ပုံပြင်: ၈၈မျိုးဆက်ကျောင်းသားများအတွက် အနုပညာရှင်များ ရန်ပုံငွေရှာ (ရုပ်/သံ)သတင်းလေး...

Thursday 19 July 2012

၈၈မျိုးဆက်ကျောင်းသားများအတွက် အနုပညာရှင်များ ရန်ပုံငွေရှာ (ရုပ်/သံ)သတင်းလေး...




လာမယ့် စက်တင်ဘာလ (၁) ရက်နေ့ MCC ခန်းမှမှာ ၈၈ မျိုးဆက်ကျောင်းသားများအတွက် အနုပညာရှင် များကနေ "စေတနာဝဿန်" အမည်နဲ့ ပြုလုပ်မယ့် ရန်ပုံငွေရှာပွဲအတွက် ဇူလိုင်လ ၁၅ ရက်နေ့က ရန်ကုန်မြို့ Mr.Guiter မှာ ဂီတအနုပညာရှင်တွေ နဲ့ ၈၈ မျိုးဆက်ကျောင်းသားတွေ ကြိုတင်ညှိနှိုင်းဆွေးနွေး
ခဲ့ကြပါတယ်။


မွန်းလွဲ ၂ နာရီကနေ ၄ နာရီလောက်အထိ ပြုလုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ၊ ကိုရဲလွင် ကိုခင်မောင်တိုး နဲ့ ဂီတအနုပညာရှင် ၅၀ လောက်တက်ရောက်ခဲ့ကြပါတယ်။

ဒီရန်ပုံငွေရှာပွဲမှာ အနုပညာရှင်များ စုပေါင်းပြီး ၈၈ မျိုးဆက် ကျောင်းသားများ အတွက် ငွေကျပ် သိန်း ၂၀ ကိုလည်း လှူဒါန်းထည့်ဝင်ခဲ့တယ်လို့သိရပါတယ်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...