ဧဒင်အချစ်ပုံပြင်: လှော်ကားဘေးမဲ့တောရောက်ရှိတော့မည့် ရွှေတိဂုံဘုရားမှ လေလွင့်ခွေးများ

Sunday 22 July 2012

လှော်ကားဘေးမဲ့တောရောက်ရှိတော့မည့် ရွှေတိဂုံဘုရားမှ လေလွင့်ခွေးများ



ရွှေတိဂုံဘုရားအောက်ပစ္စယံတွင် ရှိသော ခွေးလေခွေးလွင့်များအားရွှေပြည်သာမြို့နယ်
လှော်ကားဘေးမဲ့တောထဲသို့ ပို့လွှတ်ရန်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက စီစဉ်နေကြောင်း သိရှိရသည်။

အောက်ပစ္စယံရှိ တရားစခန်း၊ ဓမ္မာရုံ၊ ဇရပ်၊ ဘုန်းကြီးကျောင်းများသို့လာရောက်ဘုရားဖူးလာသည့် ခရီးသည်များ စိတ်အနှောက်အယှက်ဖြစ်မည် စိုး၍ခွေးများအား ပြောင်းရွှေ့ရန် စီမံခြင်းဖြစ်သည်။

“ ပိုင်ရှင်မဲ့ ခွေးတွေဘုရားမှာလာလွှတ်ကြတာများတယ်။ တရားလာမှတ်တဲ့သူတွေကလည်း ခွေးကို ထမင်း/ ဟင်းကျန် ကျွေးတော့တဖြည်းဖြည်းများလာတယ်။ ဘုရားဖူးတဲ့ နိုင်ငံခြားသား တွေကို ခွေးကိုက်မိမှာ စိုးတယ်။ တစ်ခုခု ထိခိုက်မှာစိုးတယ်။ အဲ့ဒါကြောင့် စည်ပင်ကိုအကြောင်းကြားလို့ စည်ပင်ကနေခုလို စီစဉ်တာပါ။” ဟု ရွှေတံဂုံဘုရားမှဂေါပကရုံးအဖွဲ့မှူး ဦးဝင်းကြိုင်က ဆိုသည်။

အဆိုပါ ရွှေတိဂုံ ဘုရားပေါ်မှ ခွေးများအား အသက်အန္တရယ်ကင်းအောင် မေ့ဆေးပေးကာဘေးမဲ့ တောသို့ ပို့မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ခံတစ်ဦးက ပြောသည်။

ရွေတိဂုံဘုရားအောက်ပစ္စယံတွင် လက်ရှိအချိန်တွင်ခွေလေခွေးလွင့်အကောင်(၅၀)ကျော် ရှိကြောင်း ကိုလည်း သိရှိရသည်။

"ဘုရားမှာ ခွေးတွေက တော်တော်များများတွေ့နေရတယ်၊ ရာသီဥတုပူပြင်းတဲ့အချိန်မှာတော့ ခွေးရှုးပြန်ရောဂါရှိမရှိ စစ်ဆေးပေးသင့်တယ်၊ ဘုရားဖူးတွေကိုကိုက်ရင် မကောင်းဘူး၊ အခုလို လှော်ကားစခန်းပို့မယ်ဆိုရင်တော့ တစ်မျိုးတော့ ကောင်းတယ်၊ ခွေးတွေအတွက် အစားအသောက်စီစဉ်ပေးမယ်ဆိုရင်ပေါ့"ဟု ဘုရားဖူးတစ်ဦးက ဘုရားရှိခွေးများနှင့်ပတ်သက်၍ ၄င်း၏ အမြင်ကိုပြောသည်။

လက်ရှိတွင် ခွေးများပြောင်းရွှေ့မည့် နေ့ရက်ကို အတိအကျ မသိရှိသေးပေ။

From: Myit Makha Mediagroup By: စောဇင်ညီ(မြစ်မခ)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...