ဧဒင်အချစ်ပုံပြင်: ပဲရစ်ဂျက်ဆင်၏ သရုပ်ဆောင်လုပ်ရန်ဆုံးဖြတ်ချက်ကို ဂျဲနက်ဂျက်ဆင် ကန့်ကွက်**

Sunday 22 July 2012

ပဲရစ်ဂျက်ဆင်၏ သရုပ်ဆောင်လုပ်ရန်ဆုံးဖြတ်ချက်ကို ဂျဲနက်ဂျက်ဆင် ကန့်ကွက်**



ကွယ်လွန်သူ ကမ္ဘာကျော် ပေါ့ပ်ဘုရင်မိုက်ကယ်ဂျက်ဆင်၏ ညီမ အမေရိကန် ပေါ့ပ်အဆိုတော် ဂျဲနက်ဂျက်ဆင်ကအသက်(၁၄)နှစ်သာရှိသေးသည့် မိုက်ကယ် ဂျက်ဆင်၏သမီး ပဲရစ်ဂျက်ဆင်၏ သရုပ်ဆောင်လောကသို့ ဝင်ရောက်ရန် ဆုံးဖြတ် ချက်ကို ထောက်ခံအားပေးခြင်း မပြုဘဲကန့်ကွက်ခဲ့ကြောင်း ၄င်းတို့နှင့် နီးစပ်သူ များအသိုင်းအဝိုင်းက Us.Magazine.com ဝက်ဘ်ဆိုက်သို့ ပြောကြားသည်။ ပဲရစ်ဂျက်ဆင်သည် ၂ဝဝ၉ ခုနှစ်ကကွယ်လွန်သွားသည့် ဂျဲနက်ဂျက်ဆင်၏ အစ်ကို မိုက်ကယ်ဂျက်ဆင်၏ သားသမီးသုံးဦးထဲမှ တစ်ဦးဖြစ်သည်။ ပဲရစ်ဂျက်ဆင်က ၂ဝ၁၄ ခုနှစ်တွင်ထုတ်ဝေဖြန့်ချိရန် စီစဉ်ထားသည့် London’s Bridge and the Three Keys ဇာတ်ကားတွင် ပါဝင်သရုပ် ဆောင်ရန် မီဒီယာများသို့ ထုတ်ဖော်ပြောကြားခဲ့သည်။ သို့သော် ဂျဲနက် ဂျက်ဆင်က အစ်ကိုဖြစ်သူ၏ ဆန္ဒအရ၄င်း၏ သားသမီးများ အသက် (၁၈)နှစ် မပြည့်ခင်အထိ မည်သည့်အလုပ်ကိုမျှမလုပ်စေဘဲ အစ်ကိုဖြစ်သူ၏ ဆန္ဒကို ဆန့်ကျင်ရန် စိုးရိမ်လျက်ရှိသည်။ဂျဲနက်ဂျက်ဆင်က အစ်ကိုဖြစ်သူ၏ ဆန္ဒအတိုင်း ၄င်း၏ သားသမီးများကိုအသက်(၁၈)နှစ်မပြည့်ခင်အထိ မည်သည့် အလုပ်မျှ မလုပ်စေဘဲ ပဲရစ်ဂျက်ဆင်ကိုကောလိပ်တက်ရန်သာ ပိုမိုသင့်လျော် သည်ဟု ထင်မြင်နေကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ¤င်းတို့မိသားစုအတွင်း သဘောထား ကွဲလွဲလျက်ရှိကြောင်းနီးစပ်သူများက အဆိုပါ မဂ္ဂဇင်းသို့ ဆက်လက်ပြောကြားသည်။ဂျဲနက်ဂျက်ဆင်၊ မိုက်ကယ်ဂျက်ဆင် နှင့် ၄င်းတို့၏ ညီအစ်ကိုမောင်နှမများသည် အနုပညာလောကတွင် ကျင်လည် ကျက်စားရင်း ကြီးပြင်းလာကြသူများဖြစ်သည်။ အင်တာနက်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...