ဧဒင်အချစ်ပုံပြင်: အမျိုးသမီး များလည်း သတ်မှတ် အရည် အချင်းပြည့်က ရပ်၊ကျေး အုပ်ချုပ်ရေးမှူး ဖြစ်နိုင်

Thursday 26 July 2012

အမျိုးသမီး များလည်း သတ်မှတ် အရည် အချင်းပြည့်က ရပ်၊ကျေး အုပ်ချုပ်ရေးမှူး ဖြစ်နိုင်

သတ်မှတ် အရည်အချင်းနှင့် ပြည့်မီပါက အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး အဖြစ် ရွေးချယ်ခံ ပိုင်ခွင့် ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ဒုတိယ ၀န်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ယနေ့ပြောကြားသည်။
ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများအတွက် သတ်မှတ် အရည်အချင်းများအား ပြီးခဲ့သည့် မတ် ၂၈ ရက်က နိုင်ငံတော် သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သည့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး ဥပဒေတွင်ပါရှိသည်။ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးအဖြစ် အရွေးချယ်ခံလိုသူများသည် နိုင်ငံသား မိဘနှစ်ပါးမှ မွေးဖွားသူများဖြစ်ရခြင်း၊မိမိအရွေးချယ်ခံမည့် ရပ်ကွက်တွင် တစ်ဆက်တစ်စပ်တည်း ၁၀ နှစ်နေထိုင်သူဖြစ်ရခြင်း၊ကျန်းမာရေးကောင်းမွန်၍ ပညာ အရည်အချင်း အသင့်အတင့်ရှိရမည်ဖြစ်ပြီး အထိုက်အလျောက် စားဝတ်နေရေး ဖူလုံသူဖြစ်ရခြင်း၊မတရား အသင်းများနှင့် အဆက်အသွယ်ရှိသူ မဖြစ်ရခြင်း စသည့် အချက်များ ဥပဒေတွင် ပါရှိသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် ၁၅ ရက်မြောက်နေ့တွင် ဘားအံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းဆေအွာ၏ ကျေးရွာအုပ်ချုပ်ရေးမှူးများအား အရည်အချင်းနှင့် ကိုက်ညီပါက အမျိုးသမီးများအား ရွေးချယ်ပိုင်ခွင့် ရှိမရှိနှင့် စပ်လျင်းသည့်မေးခွန်းအား ပြည်ထဲရေး ဒုဝန်ကြီးမှ ပြန်လည်ဖြေကြားရာတွင် အထက်ပါအတိုင်းပြောကြားသွားခြင်းဖြစ်သည်။
7Day News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...