ဧဒင်အချစ်ပုံပြင်: စားကြအုံးမလား စပါးအုံးမြွေကိတ်....

Sunday, 19 August 2012

စားကြအုံးမလား စပါးအုံးမြွေကိတ်....

3117 Python Cake1
အင်္ဂလန်အခြေစိုက် North Star Cakes ကိတ်မုန့်ဆိုင်ရှင် Francesca Pitcher အမည်ရတဲ့ ကိတ်မုန့်ဖုတ်သူဟာ သူ့ရဲ့သမီး ၆ နှစ်ပြည့်မွေးနေ့ပွဲအတွက် Amelanistic Burmese Python လို့ ခေါ်ကြတဲ့ စပါးအုံးမြွေကိတ်မုန့်ကို ထူးထူးခြားခြား လုပ်ပေး ခဲ့ပါတယ်။
စပါးအုံးမြွေကိတ် ဆိုလို့ လန့်ဖျပ်မသွားပါနဲ့ဦး။ စပါးအုံးမြွေကို သတ်ပြီး ဖုတ်ထားတဲ့ ကိတ်မုန့်တော့ မဟုတ်ပါဘူး။ စပါးအုံး မြွေကြီး ရဲ့ ခေါင်းနဲ့ ကိုယ်ထည် အကြေးခွံတို့ကို တကယ့်မြွေကြီးအလား တူအောင် ဖုတ်ထားတဲ့ ကိတ်မုန့် သက်သက်ပါ။ Pitcher ဟာ မြွေ ကြီးရဲ့ခေါင်းပိုင်းကို ချောကလက် အဖြူ (White Chocolate) နဲ့ သကြားပျော့များကို အသုံးပြုပြီး ၁၂ နာရီ ကြာအောင် ၃ ရက် အတွင်း အလှဆင်ခဲ့ ရတယ်လို့ ဆိုပါတယ်။

သမီးဖြစ်သူရဲ့ မွေးနေ့မှာ ထူးထူးခြားခြားနဲ့ ကျောချမ်းစရာကောင်းတဲ့ မွေးနေ့ပါတီပွဲ Theme တစ်ခု ပြုလုပ်ပေးဖို့ ရည်ရွယ်ခဲ့ပြီး တ ကယ်တန်း မွေးနေ့ပွဲမှာတော့ ခွေနေတဲ့ စပါးအုံးမြွေကိတ်မုန့်ကို ကလေးတစ်ဦး တစ်လေကမျှ ကြောက် လန့်တုန်လှုပ်ခြင်း မရှိခဲ့ ဘဲ မြွေကိတ်ကြီးရဲ့ ခေါင်းပိုင်းကို စားချင်ကြတဲ့ ကလေးများ အလုအယက် ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်
3117 Python Cake2
မစ္စစ် Pitcher ဟာ အံ့သြမှင်သက်လောက်အောင် ဖန်တီးမှုအစွမ်းရှိပြီး အနုပညာပါရမီရှိသူ တစ်ဦးဖြစ်ပါတယ်။ စပါးအုံးမြွေကိတ် ဟာ သူ့ရဲ့ လောလောလတ်လတ် လက်ရာ ဖြစ်ပြီး အခြားအနုပညာလက်ရာမြောက် ကိတ်မုန့်ဒီဇိုင်းတွေလည်း ရှိပါသေးတယ်။ သူ့ရဲ့ စပါးအုံးမြွေ ကိတ်မုန့်နဲ့ ဖန်တီးမှုဟာ အင်တာနက်မှာ တစ်မုဟုတ်ချင်း ကျော်ကြားသွားပြီး သူ့ရဲ့ North Star Cakes Facebook မှာ လည်း Like (ကြိုက်နှစ်သက်) သူပေါင်း တစ်ပတ်အတွင်းမှာ နှစ်ဆ ဖြစ်သွားရတယ်လို့လည်း သိရပါတယ်။
Francesca Pitcher ရဲ့ အခြား ကိတ်မုန့်လက်ရာများကို Facebook ပေါ်တွင် ကြည့်ရှုရန် - North-Star-Cakes

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...