![]() |
| နတ်မြစ် အလှ |
မြန်မာ-ဘင်္ဂလားဒေ့ခ်ျ အကြား ဖြတ်သန်း စီးဆင်းနေသော နတ်မြစ်အတွင်း
မှောင်ခိုသမား ၃ ဦးကိုစိတ်
ကြွ ဆေးပြား ၁၁၃၀၅ နှင့်အတူ ဘင်္ဂလာ
နယ်ခြားစောင့်တပ်ဖွဲ့က ဖမ်းဆီးလိုက်သည်။
ဖမ်းဆီးခံရသူ များမှာ တက်ကနက်မြို့ မော်လဗီ ဘာဇာတွင် နေထိုင်သူ အဘူဟာဆန်(၂၂)၊ နရူဟိုဆင်
(၂၀) နှင့် အုဒူလတ်(၁၈) တို့ဖြစ်ကြသည်။
ဖမ်းဆီးရမိသော စိတ်ကြွဆေးပြား တန်ဖိုးမှာ ကာလပေါက်ဈေးအရ တကာကာ ၂ သန်းဖိုးခန့် ရှိသည်ဟု ဆိုသည်။
စိတ်ကြွ ဆေးပြား တစ်ပြားမှာ ဘင်္ဂလာဈေးကွက်တွင် တာကာ ၁၈၀ ကနေ ၃၅၀အထိရှိသည်။ ၁၁၃၀၅ လုံးမှာ၏ တန်ဖိုးမှာ တာကာ ၂သန်း နီးပါး တန်ဖိုးရှိသည်ဟု သိရသည်။ နယ်စပ်တွင် ယနေ့ ငွေလဲလှယ်
နှုန်းမှာ တာကာ ၁၀၀ ကို ကျပ်ငွေ ၉၆၀ ရှိသည်။
Narinjara Media

No comments:
Post a Comment