
ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်ခရိုင်၊ကျုံပျော်မြို့နယ်၊ ရှားခဲတိုက်နယ်၊ ရှားခဲကျေးရွာ၌ စက်တင်ဘာ ၂၆ရက်နေ့
တွင် သေနတ် (၅)ချက် ပစ်ခတ်ခံရပြီး ရွာသား (၅)ဦး ထိမှန်ခဲ့ကြောင်း သိရပါသည်။
အခင်းဖြစ်ပွားသည့် နေရာတွင် ရွာသား ၂ ဦး သေဆုံးခဲ့ပြီး နောက်တရက်တွင်
ဆေးရုံ၌ ၁ ဦး ထပ်မံသေဆုံး သွားခဲ့ပါသည်။ ကျန်ရှိသည့် သေနတ်ပစ်ခတ်ခံရသူ
ကျော်ဇင်သက် နှင့် ဝင်းသန့်ကို ပုသိမ်ဆေးရုံမှရန်ကုန်ပြည်သူ့
ဆေးရုံကြီးအရေးပေါ်ဌာန သို့ စက်တင် ဘာလ ၂၈ရက်နေ့ ည ၉း၀၀ နာရီအချိန်တွင်
ရောက်ရှိလာကြောင်း သိရပါသည်။
ဖြစ်ပွားသည့် အကြောင်းအရင်းကို သက်ဆိုင်ရာများနှင့် အတူလိုက်ပါလာသည့် ကာယကံရှင် မိသားစုများမှ တစုံတရာပြောကြားခြင်း မရှိသေးဘူး
ဟု သတင်းရရှိပါသည်။
BURMA VJ
No comments:
Post a Comment