(၈၈)မျိုးဆက်ကျောင်းသား
လူငယ်များ (ပြည်ထောင်စုမြန်မာ နိုင်ငံတော်ပါတီကို နောက်ခံပြု အရှိန်အ၀ါကိုသုံးကာ
အပြစ်မဲ့ ပြည်သူတစ်ဦး၏ မြေကွက်များ အား လိမ်လည်လှည့်ဖြားရောင်း စားခြင်းအမှုကို
ကျူးလွန်သူမအေး အေးမာ (ရွှေပြည်သာမြို့နယ် တာဝန်ခံ၊ (၈၈)မျိုးဆက်ကျောင်း
သားလူငယ်များ ပြည်ထောင်စု မြန်မာနိုင်ငံ) ပါတီအား ရွှေပြည် သာ မြို့နယ်
ရဲတပ်ဖွဲ့စခန်းမှ ပ/၉၆၅၊ ပုဒ်မ (၄၂၀)အရ၊ ၂၈- ၈-၂၀၁၂နေ့တွင် အမှုဖွင့်အရေး
ယူလိုက်ကြောင်းသိရသည်။အမှုဖြစ်စဉ်မှာ ရန်ကုန်တိုင်း ဒေသကြီး ရွှေပြည်သာမြို့နယ် အမှတ်(၆၁/ခ)မဲခေါင်လမ်း၊ ၆/၁၂ရပ်ကွက်နေ ဦးစိန်လှိုင် ၀ယ်ယူပိုင်ဆိုင်ထားသော ရွှေ ပြည်သာမြို့နယ် သံဒင်းကျောင်း နံဘေးအကွက်အမှတ် ၄၄/၂။ အလျား ၃၀၀ပေ၊ အနံ ၁၂၀ပေx ၉၀ပေx၆၈နှင့် သစ်ခြောက်ကွင်း အကွက် ၄၇/၂ အလျား ၂၈၀ ပေ၊ အနံ ၁၅၀ပေါ်တွင် မသမာ သူတစ်ဦးမှ ၀င်ရောက်ကျူးကျော် နေသည့်အတွက် ထိုကျူးကျော် သူအား ဖယ်ရှားရန် (၈၈)မျိုးဆက် ကျောင်းသားလူငယ်များ (ပြည် ထောင်စုမြန်မာနိုင်ငံ)ပါတီ၊ ရွှေ ပြည်သာမြို့နယ် တာဝန်ခံ မအေး အေးမာထံ အကူအညီတောင်း ခံခဲ့သည်။ မအေးအေးမာမှအကူ အညီပေးမည်ဟု ပြောကာ ဦးစိန် လှိုင်ထံမှ စရန်ပေး ဟန်ပြစာချုပ် နှင့် မြေဆလစ်များကို အရယူ သွားကာ ဘုန်းကြီးတစ်ပါးသို့ (၅၅)သိန်းဖြင့်ေ မြတစ်ဝက်အား ရောင်းခဲ့ပြီး၊ ကျန်အကွက်များ တွင်လည်း တဲများဆောက်ကာ ပါတီဗီနိုင်းများ ကပ်၍ ရောင်း၊ ငှားလုပ်ထားသည်ကို သိရှိရသ ဖြင့် (၈၈)မျိုးဆက်ကျောင်းသား လူငယ်များ (ပြည်ထောင်စုမြန်မာ နိုင်ငံ)ပါတီ၊ ရွှေပြည်သာမြို့နယ် တာဝန်ခံ မအေးအေးမာ၊ အမှတ် (၁၆၇၇)၊ ၄၈/၁၉ရပ်ကွက်၊ ဗိုလ် ချုပ်လမ်း၊ ရွှေပြည်သာနေသူအား ရွှေပြည်သာမြို့နယ် ရဲစခန်း ပ/ ၉၆၅၊ ပုဒ်မ(၄၂၀)ဖြင့်အမှုစစ် ဒု- ရဲအုပ် အထွန်းမှ အမှုဖွင့်အရေး ယူထားကြောင်း သတင်းရှိသည်။
No comments:
Post a Comment