ဧဒင်အချစ်ပုံပြင်: ဖားကန့်မြို့နယ်အတွင်းရှိ နမာယန်ချောင်းဘေးတွင် မိုင်းပေါက်ကွဲရာမှ ဒေသခံတစ်ဦးသေဆုံး

Wednesday 19 September 2012

ဖားကန့်မြို့နယ်အတွင်းရှိ နမာယန်ချောင်းဘေးတွင် မိုင်းပေါက်ကွဲရာမှ ဒေသခံတစ်ဦးသေဆုံး



 
ကချင်ပြည်နယ် ဖားကန့်မြို့နယ် အတွင်းမှာရှိတဲ့ မှော်ဝန်းရပ်ကွက်အနောက်ဘက် နမယန်ချောင်း ဘေးမှာ စက်တင်ဘာလ(၁၈)ရက်နေ့က KIA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိကာ ပေါက် ကွဲခဲ့တဲ့အတွက် တောင်ယာလုပ်ကိုင်ရန်သွားရောက်တဲ့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံး ခဲ့တယ်လို့သိရပါတယ်။  သေဆုံးသူမှာ မှောဝန်းရပ်ကွက်မှာနေထိုင်တဲ့ အသက်(၅၁)နှစ်အရွယ်ရှိ ကချင် လူမျိုး ဒေါ်လတ်ဆိုင်း ဆိုသူ ဖြစ်ပြီး တောင်ယာလုပ်ငန်း လုပ်ကိုင်ရန် စိုက်ခင်းသို့ သွားရောက်စဉ် နမာယန်ချောင်းဘေး အရောက် မိုင်းနင်းမိကာ ပေါက်ကွဲခဲ့တာဘဲဖြစ်ပါတယ်။ ဒေသခံများမှ ဖားကန့်မြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်ခဲ့သော် လည်း ဆေးရုံ့မရောက်မီ လမ်းခုလပ်တွင်ပင် သေဆုံး သွားခဲ့တယ်လို့သိရပါတယ်။ဒေါ်လတ်ဆိုင်းမှာ ယောကျာ်းဖြစ် သူသေ ဆုံးသွားခဲ့ပြီး သားသမီး(၄)ယောက် နဲ့အတူဆင်းရဲနွမ်းပါးစွာ တောင် ယာ လုပ်ငန်းလုပ်ကိုင်ရင်း အသက် မွေးဝမ်းကျောင်း ပြုနေရသူဖြစ်ပါတယ်။

 အိမ်ထောင်ဦးစီးတစ်ယောက် အနေနဲ့ သားသမီး(၄)ယောက်ကို ကျွေးမွေးပြုစု ပျိုးထောင်ပေးနေရတဲ့ မုဆိုးမ တစ်ဦးလည်း ဖြစ်ပါတယ်။သားအကြီး နှစ်ယောက်မှာ မိခင်နှင့်အတူ တောင်ယာလုပ်ငန်းအား ၀ိုင်းဝန်းလုပ်ဆောင်ကာ ညီမ ငယ် နှစ်ယောက်အတွက်  ကျောင်းစရိတ် ရှာဖွေနေကြရပါတယ်။အငယ်ဆုံးသမီး မဂျာလုံမှာ မှော် ၀န်း ကျောင်းတွင် တတိယတန်း ပညာသင်ကြားနေဆဲ ကျောင်းသူတစ်ယောက် ဖြစ်ပြီး ယခုလို မိသားစု အရေး စီးပွားရေးအခက်အခဲများကို မားမားမတ်မတ်ရင်ဆိုင်ဖြေရှင်းပေးနေတဲ့ မိခင်ဖြစ်သူ ဆုံးပါးသွားတဲ့ အတွက် အနာဂတ်ပျောက်လုဆဲဆဲ ဖြစ်ပေါ်နေရပါပြီ။    ``သူတို့မှာ မောင်နှမ လေးယောက်ရှိတယ်၊ သူ့အဖေကတော့ ဆုံးသွားတာ(၅)နှစ်လောက် ရှိပြီ ယောကျာ်းလေးနှစ်ယောက်ကတော့ သူ့အမေနဲ့အတူ ကျောင်းဆက်မတက်တော့ဘဲ တောင်ယာ ၀ိုင်းလုပ် ပေးတယ်။ အငယ်ဆုံးမိန်းခလေးကတော့ ကျောင်းတက်နေတယ်။ သူတို့မိသားစုမှာ မိဘဆိုလို့သူတို့အမေ ကိုဘဲ အားကိုးနေရတာ။ အခုတော့ ရေ တောင်ကြီး ပြိုကျနေသလိုဒုက္ခပင်လယ် ဝေနေရတဲ့ အပြင် မိဘမဲ့စာရင်းထဲတောင် အဲဒီကလေးတွေ ပါနေ ရပြီ´လို့ဒေသခံများမှမချိတင်ကဲပြောဆိုနေကြပါတယ်။

(ကချင်နေ့ စဉ်သတင်း)

1 comment:

  1. သတင်းလေးဖတ်ရှုပြိးစိတ်မကောင်းဖြစ်သွားပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...