ဧဒင်အချစ်ပုံပြင်: ဆီရီးယားတွင် ဂျာနယ်လစ်တစ်ဦး ပစ်သတ်ခံရ

Saturday, 29 September 2012

ဆီရီးယားတွင် ဂျာနယ်လစ်တစ်ဦး ပစ်သတ်ခံရ



ဆီးရီးယားတွင် အီရန် Press TV သတင်းဌာနအတွက် လုပ်ကိုင်နေသော သတင်းထောက်မာရာနက်ဆာသည် စက်တင်ဘာလ ၂၆ ရက်နေ့က ပေါက်ကွဲမှုမြင်ကွင်းတစ်ခုအတွက် သတင်းပို့နေစဉ် ပစ်သတ်ခံခဲ့ရပြီး သေဆုံး သွားခဲ့သည်။ မြို့တော်ဒမတ်စကတ်တွင် ပေါက်ကွဲမှုဖြစ်ပွားနေသည်ကို သတင်းတင်ပြနေသော မာရာနတ်ဆာသည် လက်ဖြောင့်သေနတ်သမားတစ်ဦး၏ လက်ချက်ကြောင့် သေဆုံးခဲ့ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုတွင် Press TV ၏ ဒမတ်စကတ် ဗျူရိုအကြီးအကဲ ဟူစိန်မာတာဒါလည်း ဒဏ်ရာရရှိခဲ့ကြောင်း ရုပ်သံက ပြောကြားခဲ့သည်။ ဆီးရီးယားတွင် လွန်ခဲ့သည့် တစ်နှစ်ခွဲကျော်က ပုန်ကန်မှုများ စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစိုးရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သူပုန် တို့၏ ပစ်ခတ်မှုများကြောင့် ဆီးရီးယားဂျာနယ်လစ်များနှင့် နိုင်ငံခြားဂျာနယ်လစ်များ အမြောက်အများ သေဆုံး ခဲ့ပြီးဖြစ် သည်။ 

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...