ဧဒင်အချစ်ပုံပြင်: “လူကုန်ကူးခံခဲ့ရသူအချို့ နေရပ်ပြန်ပြီ”

Wednesday, 26 September 2012

“လူကုန်ကူးခံခဲ့ရသူအချို့ နေရပ်ပြန်ပြီ”



                                   


          ထိုင်းနိုင်ငံ ခြုံဘူရီ ငါးဖမ်းလှေဆိပ်တွင်ရောင်းစား ခံနေခဲ့ရ သည့် မြန် မာ အလုပ်သမား ၁၂ ဦးနှင့် မဟာချိုင် နေ၀စ်အရပ် မှ ဆန်းဒစ်ပုဇွန်အလုပ်ရုံတွင် လူကုန်ကူးခံခဲ့ရ သည့်  မြန်မာအလုပ်သမား ၅ဦးတို့ နေရပ်ရင်း သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်သည်။
ယနေ့တွင် ခြုံဘူရီလှေဆိပ်မှ အလုပ်သမား ၁၂ ဦး တို့မှာ မဟာချိုင်အခြေစိုက်ထိုင်းအင်းဂျီအို အဖွဲ့ တစ်ခုမှ
ပြီးခဲ့သည့် ၂လခန့်က ကယ်တင်ထားခဲ့ကြသူများဖြစ်ကြသည်။ ၎င်းတို့ ယနေ့နက်တွင် DKBA ကိုသုံးလုံးဂိတ်
ဟောင်ထဲအရောက်တွင် မြန်မာပွဲစားများက တစ်ဦးလျှင် ဘတ် ၁၅၀၀ စီဖြင့်ရွေးခိုင်းသည်။ မရွေးနိုင်ပါက
လှေပေါ်သို့ ထပ်မံရောင်းချမည်ဖြစ်ကြောင်းပြောသည်။
         ပဲခူးမှ အသက်၃၃ နှစ်အရွယ် ကိုစစ်နိုင်က“ ကျနော် လုပ်အားခ တစ်ပြားမှ မရပဲ ၆လကျော်ကျော် ငါးဖမ်းလှေမှာ အလုပ်လုပ်နေခဲ့ရတယ်။ ကျနော်တို့ကို မဟာချိုင်က ထိုင်းအင်ဂျီအိုအဖွဲ့တစ်ဖွဲ့လာခေါ်လို့ လွတ်လာတာ။ကျနော်တို့ တရားမ၀င် ခိုးဝင်မှုနဲ့ ၄၈ ရက်ထောင်ကျနေခဲ့ရတယ်။ ဒီနေ့ မနက် ကိုယ့်တိုင်ြး ပည်လဲရောက်ရောဘတ် ၁၅၀၀ နဲ့ ရွေးရအုံးမယ်တဲ့၊ ကျနော် တို့ ထိုင်းနိုင်းငံရောက် မြန်မာနိုင်ငံသား များအဖွဲ့ MAT ကိုလှမ်းပြီးတော့ အကူညီတောင်းခဲ့တယ်။ မကြာခင်ပဲ မြ၀တီ လူကုန်ကူးမှုတားဆီးနှိမ် နင်းရေးတပ်ဖွဲ့က လာခေါ်သွားပါ တယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်” ဟုပြောသည်။
ယမန်နေ့က ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရသော ဆန်ဒစ်  ပုဇွန်အလုပ်ရုံက အလုပ်သမ မပပက“ ကျမတို့ကို
ကျွန်ဘ၀ကလွတ်အောင်ကယ်ခဲ့တာ MAT အဖွဲ့က ဦးကျော်သောင်း ဖြစ်တယ်။ ကျမတို့ ပထုံဌာနီ ကယ်ဆယ်ရေးစခန်းထဲမှာ အစိုးရသက်သေအဖြစ် ၃လကျော်ကြာနေခဲ့တယ်။ ပုဇွန်ရုံမှာ လုပ်ခဲ့တဲ့ လုပ်အား
ခ ကျမတို့ လင်မယား ၂ယောက် ဘတ် ငါးသောင်းရလာခဲ့ပါတယ်။ အမှုကတော့ ပိတ်လိုက်ရတယ်။ သမီးတို့သာထောင်ကျသလိုနေရပြီး လူကုန်ကူးသူတွေက အပြင်မှာလွတ်လွတ်လပ်လပ်နေရတယ်၊ ကျမ တို့ နောက်နှစ်လောက်နေလဲ အမှုကပြတ်မှာမဟုတ်သလို ထိုင်းလုပ်ငန်းရှင်လည်း ဘာမှဖြစ်မှာ မဟုတ် ဘူးလေ”ဟုပြောသည်။ 
              ထိုင်းနိုင်ငံအနှံ့အပြားမှ ဖမ်းဆီးပြန်ပို့ခံရသည့် မြန်မာအလုပ်သမားသည် နယ်စပ်ပြန်ရောက် သည့် မြန်မာအလုပ်သမားများသည်  မြ၀တီမြို့ဘက်ရှိ DKBA ဂိတ်ဟောင်း (ယခုနယ်ခြားစောင့် တပ်စခန်း ထဲတွင် တစ်ဦးလျှင် ဘတ် ၁၅၀၀ ပေး၍ ရွေးထုတ်ရသည်။ မရွေးနိုင်သည့်အလုပ်သမားများကို ၎င်းပွဲစား များကငါးဖမ်းလှေများသို့ ထပ်မံရောင်းချလေ့ရှိသည်။
by- အောင်ခန့်(ရွှေလုပ်သား)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...