
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး တမူးစခန်းမှ မျောက်ငိုသီးများအ၀ယ်လိုက်နေသဖြင့် ပုတ်ပြတ်ဝယ်ယူ နေခြင်းဖြစ်သည်။
“အခုဆိုရင် တော်တော်များများ အပင်ပြတ် ရောင်းပြီးကြပြီ။ ကျွန်တော်တောင် အပေါ်ခြံပဲ ကျန်တော့တယ်။
အောက်ခြံက ရောင်းလိုက်ပြီ။” ဟု မျောက်ငိုပင်များ စိုက်ပျိုးထားသော ဦးဆော်မာက ပြောသည်။
မျောက်ငိုသီးများကို တရုတ်၊ ထိုင်း နိုင်ငံများသို့ပေးပို့ ရောင်းချကာ အန္ဒိယနိုင်ငံ မဏိပူရပြည်နယ်မှ ကသည်းလူမျိုးများလည်း လွန်စွာဝယ်ယူစားသုံးကြောင်း ၄င်းက ဆက်ပြောသည်။
မျောက်ငိုသီးအစေ့သည် ဟင်းချက်စားရာတွင် ခါးသက်သက်နှင့် အနံ့ဆိုးသော်လည်း ကသည်းလူမျိုးများမှ
အလွန်ကြိုက်နှစ်သက်ကြောင်း သိရှိရသည်။
၎င်းအသီးမှာ အေးသော ဒေသများတွင် အပင်ပိုမိုဖြစ်ထွန်းကာ အောက်တိုဘာလမှ မတ်လကုန်ထိ အသီးဖြစ်ထွန်းလေ့ရှိကြောင်းကိုလည်း သိရသည်။
အပင်စစိုက်ပြီး လေးနှစ်ခန့်ကြာမှ အသီးများထွက်ပေါ်ကာ ဈေးကွက်အတွင်း အပင်သေးလျှင် အပင်ပြတ် ကျပ် လေးသောင်းခန့်ရရှိပြီး၊ အပင်ကြီးလျှင် တစ်သိန်းကျော် ရရှိကြောင်း စိုက်ပျိုးရေးသမားများထံက သိရသည်။
မျောက်ငိုပင်မှာ အပင်ကြီးမျိုးဖြစ်သော်လည်း အကိုင်းဆတ်သော အပင်ဖြစ်၍ ခုန်တက်၊ ခုန်ကူးလျှင် ကျိုးကျ တက်ကာ မျောက်များပင်ငိုရသော အပင်ဖြစ်သောကြောင့် မျောက်ငိုပင်ဟု ခေါ်ဆိုသည့် အပင်ဖြစ်သည်။
မျောက်ငိုပင်၏ မူရင်းဇာတိမြေမှာ အာရှတိုက်နှင့် အာဖရိကတိုက်တို့ဖြစ်ကြပြီး ဥရောပတိုက်တွင်လည်းအနည်း
ငယ်တွေ့ရှိရကာ စိန်ပန်းပင်မျိုးနွယ်ဖြစ်ကြောင်းနှင့် မျောက်ငိုသီးပေါ်ချိန်တွင် တမူးဘက်၌ အသီးတစ်တောင့် လျှင် (၁၅၀)ကျပ်မှ (၂၀၀)အထိ ဈေးရရှိသည်ဟု ကလေးဒေသခံတို့က ဆိုသည်။
မျောက်ငိုသီးမှာ ထိုင်းနယ်စပ်ဘက်တွင်မူ ဆီးချိုသွေးချိုအတွက် ဆေးအဖြစ် အသုံးပြုကြောင်း မျောက်ငိုသီး စားသုံးသူများက ပြောသည်။
by-shweMitmakha Media Group
No comments:
Post a Comment