ဧဒင်အချစ်ပုံပြင်: အိမ်ထောင်ရှင် ဖြစ်တော့လည်း မိသားစု ဘဝလေးက ပျော်စရာကောင်းတယ်

Friday, 5 October 2012

အိမ်ထောင်ရှင် ဖြစ်တော့လည်း မိသားစု ဘဝလေးက ပျော်စရာကောင်းတယ်

Q. မေလေး မတွေ့တာ ကြာပြီ နော်။
A. ဟုတ်တယ်။ ကိုသားစိုး အမျိုးသမီးနဲ့ ညီမနဲ့က အိမ်ထောင် မကျခင် သူအမေရိကား မှာရှိစဉ်က တည်းက အရမ်းခင်တယ်။ သူ့ရဲ့ ရွှေပိုးနန်းတော်ဖွင့်ပွဲကို ခင်မင်စိတ် နဲ့ လာခဲ့တာပါ။
Q. အနုပညာ အလုပ်တွေ ပြန် မလုပ်ဖြစ်တော့ဘူးလား။ A. လောလောဆယ် မေလေး ကြော်ငြာ ရိုက်နေတယ်။ တစ်ရက် စာ လောက်ပဲကြာတယ် ဆိုရင်တော့ ရိုက်ပေးလို့ရတယ်။ ဗီဒီ ယိုကား တွေကျတော့ တစ်ပတ် လောက် အချိန်ပေးရတယ်။ နယ် သွားရတာတွေလည်း ရှိတော့ မိသား စုက အချိန်မပေးနိုင်ဘူး။
Q. အနုပညာရှင်တွေ စီးပွား ရေးလုပ်ငန်းတွေ လုပ်လာကြတဲ့အပေါ် မေလေးအမြင်
A. ကောင်းပါတယ်။ ညီမ ကိုယ်တိုင်လည်း စီးပွားရေးလုပ် တယ်။ ကိုယ့်ရဲ့လက်တွဲဖော် အနု ပညာရှင်တွေလည်း တစ်ဖက်က စီးပွားရေး၊ တစ်ဖက်က အနုပညာ လုပ်စေချင်ပါတယ်။

Q. ဒါပေမဲ့ စိတ်ကြိုက် အနု ပညာအလုပ်တွေ လုပ်ခွင့်ရ မရဆိုရင်
A. အဲဒီလိုမျိုးတော့ရှိတာပေါ့။ ခုမေလေးဆိုရင် မိသားစုအတွက်၊ စီးပွားရေး အတွက် အချိန်ပေးရတာနဲ့ တင် အနုပညာအတွက် အချိန်မ ပေးနိုင်ဘူး။ ကိုယ်ဝါသနာပါရာ ကို သီးသန့် အချိန်မပေးနိုင်ဘဲ မျှပေး ရတဲ့ အတွက် တစ်ဖက်မှာတော့ အားနည်းသွားတာမျိုး ရှိတာပေါ့။
Q. အနုပညာရှင် ဇင်ဇင်ဇော် မြင့်ဆိုတာနဲ့ အိမ်ထောင်ရှင်ဘဝ ဘာကိုပိုကျေနပ်လဲ။
A. နှစ်ခုစလုံးကို ကြိုက်ပါ တယ်။ အိမ်ထောင်ရှင်ဖြစ်တော့ လည်း ကိုယ့်မိသားစု၊ ကိုယ့်ဘဝ လေးနဲ့ပျော်စရာကောင်းတယ်။ အိမ်ထောင်ရှင် မဖြစ်ခင်တုန်းကလည်း အမေ၊ အဖေ ညီအစ်ကိုမောင်နှမ တွေနဲ့ ပျော်ခဲ့ရတာပါပဲ။
Q. အိမ်ထောင်ဖက်က အနု ပညာ အလုပ်တွေနဲ့ပတ်သက်ပြီး ပိတ်ပင်ထားလို့လား။
A. မရှိပါဘူး။ အနုပညာရှင် တွေနဲ့ ပတ်သက်တဲ့ ပွဲတွေဆိုလည်း မေလေး သွားချင်သလို သွားခွင့်ပြု ထားတာပဲလေ။ ရိုက်လို့မရဘူးဆို တာက မေလေးကိုယ်တိုင်ကကို ဒီဘက်ကို အချိန်မပေးနိုင်တာကြောင့် မရိုက်ဖြစ်သေးတာပါ။ ဓာတ်ပုံတွေ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေအတွက်တော့ အမြဲတမ်း ရိုက်ပေးဖြစ်ပါတယ်။
Q. မိခင်တစ်ယောက်ရဲ့ အလှအပထိန်းသိမ်းနည်း က
A. မေလေးအထူးသဖြင့် အစားအသောက် ဆင်ခြင်ရတာပေါ့။ အရမ်းကြီး ဝလာတယ်လို့ ကိုယ့် ကိုယ် ကိုယ်ထင်ရင် အသီးအရွက် တွေစားတယ်။ ညနေ(၆)နာရီ နောက်ပိုင်း ထမင်းမစားတာတို့နဲ့ လေ့ကျင့်ခန်းတွေလုပ်ပြီးထိန်းရတာ ပေါ့။
Q. ပရိသတ်ကိုရော
A. မေလေးကို ခုချိန်ထိ အသိအမှတ် ပြုပေးနေတာတွေ အတွက် ကျေးဇူးတင်ပါတယ်။ မေလေး နောက်ထပ် အနုပညာအလုပ် တွေ ပြန်လုပ်ဦးမှာပါ။ အဲဒီအခါကျ ရင်ထပ်ပြီးအားပေးပါ၊ ပြန်ဆုံပါ မယ်လို့ ပြောချင်ပါတယ်။
မေသက်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...