ဧဒင်အချစ်ပုံပြင်: မွေးရပ်မြေ ကို ကျေးဇူးဆပ်ချင်တဲ့ အနေနဲ့ မြိတ်ကျွန်းစုများ ခရီးစဉ် ကို ရိုက်ခဲ့တဲ့ လွင်မိုး

Friday, 5 October 2012

မွေးရပ်မြေ ကို ကျေးဇူးဆပ်ချင်တဲ့ အနေနဲ့ မြိတ်ကျွန်းစုများ ခရီးစဉ် ကို ရိုက်ခဲ့တဲ့ လွင်မိုး

ကျွန်တော့်ရဲ့ မွေးရပ်ဇာတိက မြိတ်မြို့လေးပါ။ အမြဲတမ်း ပြန်ဖြစ် ပါတယ်။ ကျွန်တော့်ရဲ့ Life နဲ့ ကိုယ့်ဘဝရဲ့ အကြောင်းအရာမျိုးစုံ စတည် ခဲ့တဲ့နေရာလေးတစ်ခု ဖြစ်တဲ့ မြိတ်မြို့ကို ပြန်ရောက်ပြီး ကျွန်တော်နေခဲ့တဲ့ အိမ်လေးကို ပြန်ရောက်မိတော့ လွမ်းမိတာပေါ့။ နေရာတိုင်းမှာ အကြောင်းအရာ အဖြစ်အပျက်လေး တွေရှိတယ်။ အဲဒီနေရာ ရောက်ရင် အဲဒီနေရာ လေးမှာ ဘာလုပ်ခဲ့ဖူးတယ်။ မြို့ထဲ မှာဆိုရင် ဘယ်နေရာတွေကို သွားခဲ့ ဖူးတယ်။ သူငယ်ချင်းတွေ ဘယ်နေ ရာမှာ ရှိတယ်ဆိုပြီး ပြန်ပြီးသတိရမိ တယ်။ အခုပြန်ရောက်သွား တဲ့အချိန်မှာ အရင်တုန်းကနဲ့ မတူ တဲ့ ကွဲလွဲမှုတွေက လည်း အများကြီး ပေါ့။ အရင်တုန်းကလို သူငယ်ချင်း တွေ ကလည်း ရှိချင်မှ ရှိတော့တာ လေ။ နောက်ပြီး နေရာထိုင်ခင်း လေးတွေက ပုံစံလေးတွေပြောင်း လဲသွားတာလည်းရှိတယ်။

မွေးရပ်ဇာ တိကို ပြန်ဖြစ်တာက ဟိုတစ်လောက အဘိုးဆုံးလို့ ပြန်ဖြစ်တယ်။ နောက် အလုပ်ကိစ္စနဲ့ ပြန်ဖြစ် ခဲ့တယ်။ ကျွန်တော်ရောက်တဲ့အချိန် မှာ မွေးရပ်ဇာတိက အရင်တုန်း က ပုံစံနဲ့ မတူတော့ဘူး။ အလွမ်းသက် သက်ဖြစ်သွားတာပေါ့။ ကိုယ့်နေ ထိုင်မှုနဲ့ အလုပ်နဲ့ ပတ်သက်ပြီး မွေးရပ်ဇာတိက ကျွန်တော့်အတွက်
ကင်းကွာ သွားတဲ့နေရာလေး တစ်ခုဖြစ်သွားတယ်။ ဒါပေမဲ့ မွေးရပ်မြေ မြိတ်မြို့ကိုရောက်ရင် တော့ ငယ်ငယ်တုန်းက နေထိုင် ကျင်လည်ခဲ့ဖူးတဲ့ နေရာလေးတွေ ဟာ ကျွန်တော့်အတွက် တစ်ချိန် က အလွမ်းလေးတွေပါပဲ။ မွေးရပ် မြေကို လွမ်းမိတဲ့ အချိန်က သူငယ် ချင်း အပေါင်းအသင်းတွေ နဲ့စုံမိတဲ့ အချိန်တွေ၊ ကျွန်တော့်မြို့နဲ့ ပတ် သက်ပြီးတော့ ပါလာတဲ့ သတင်း လေးတွေ၊ နောက်ပြီး အဲဒီမှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်လေးတွေ၊ အိမ်ကို အမျိုးတွေရောက်လာရင် မွေးရပ်ဇာတိကို လွမ်းတယ်။
မြိတ်မြို့မှာ ကျွန်တော် ငယ်ငယ်တုန်းက လေးတန်းအောင် ပြီး ငါးတန်းရောက်ရင် ပုဆိုးဝတ် ရတယ်ဗျ။ ပုဆိုးကလည်း ကလေး ခြေတစ်လှမ်းစာပဲရှိတဲ့ ကလေးပုဆိုး လေးပေါ့ဗျာ။ ကျွန်တော် ငယ်ငယ် တုန်းက ကျောင်းကပြန်ရင် အိမ် ရောက်ဖို့အတွက် မြောင်းလေးတစ် ခုကို ခုန်ခုန်ကျော်ပြီး အိမ်ကိုတန်း ပြီးပြေးတက်တာ။ ပုဆိုးဝတ်ပြီး ကျောင်းစတက်တဲ့နေ့မှာပဲ အဲဒီရေ မြောင်းလေးကို ထုံးစံအတိုင်းခုန် တာပေါ့။ ခုန်တဲ့အချိန်မှာ ပုဆိုးက ခြေထောက်တစ်ဖက်နဲ့ နင်းမိပြီး မြောင်းထဲကို ဇောက်ထိုးထိုး ကျတော့ မြောင်းနှုတ်ခမ်းနဲ့ ခေါင်းနဲ့ ရိုက်မိပြီး မြောင်းထဲမှာ ခွေခွေလေး သတိမေ့ သွားရော။ အဲဒီအချိန်မှာ ဘေးမှာရှိ တဲ့ရပ်ကွက် လူကြီးတွေက ဆေးရုံကို ပွေ့ပြီး ထမ်းပို့ခဲ့ရတယ်။ အဲဒီ အဖြစ်အပျက်လေးကတော့ ကျွန်တော့်ငယ်ဘဝနဲ့ ပတ်သက်ပြီး အမှတ်တရလေး တစ်ခုပါ။
မွေးရပ်ဇာတိလေးကို တော့ လူတွေမှာ အစွဲကြီးကြပါ တယ်။ ကျွန်တော့်အတွက် အမှတ်တရဆိုရင် "ပန်းတစ်ပွင့် ဖန်ဆင်းခြင်း" ဇာတ်ကား ၂၀ဝ၂ ခု နှစ် အကယ်ဒမီပေးပွဲမှာ ကျွန် တော် အကယ်ဒမီဆုယူရင်း ပြောခဲ့ တာဆိုရင်၊ ဒီနေ့မှာ ကျွန်တော် ရယ်၊ မေသန်းနုရယ်၊ ပရိုဂျူဆာ ဦးတင်အောင်တို့ ရကြတဲ့အခါမှာ သုံးယောက်စလုံးဟာ မြိတ်သူ မြိတ် သားတွေဖြစ်နေပါတယ်။ ဒါ့ကြောင့် ကျွန်တော့်အတွက် အထူးခြားဆုံး အနေနဲ့ ကျွန်တော့်မြို့အတွက် ဂုဏ် ယူစရာ အကောင်းဆုံးနေ့ပါလို့ ပြောခဲ့ပါတယ်။ ဒါကျွန်တော်တို့ မြို့ကို အမွှန်းတင်ပြီး သံယောဇဉ် ကြီးတာကို ပြခဲ့တာပါ။ ဒါက ကျွန် တော်တို့က မြန်မာနိုင်ငံထဲမှာ နေတဲ့အတွက် မြို့ကိုခံစားကြတာ၊ မြန်မာနိုင်ငံထဲက ထွက်သွားတဲ့ သူတွေအတွက် ကတော့ နိုင်ငံကို ခံစားကြမှာပါ။ ဘာပဲပြောပြော ကိုယ့်ရဲ့နိုင်ငံ၊ ကိုယ့်ရဲ့မွေးရပ်ဇာတိ ကိုတော့ပစ်ပယ်မကောင်းပါဘူးလို့ ပြောချင်ပါတယ်။ မွေးရပ်မြေကို ကျေးဇူးဆပ်တဲ့အနေနဲ့ကတော့ "လွင်မိုးခရီးသွားနေသည်" ချင်းပြည် နယ်ခရီးစဉ်ပြီးတော့၊ ဒုတိယပိုင်း အနေနဲ့ "မြိတ်" ကျွန်းစုများ ခရီးစဉ် ကိုရိုက်ကူးခဲ့ပါတယ်။ မြိတ်သမိုင်း ကြောင်း၊ ဗဟုသုတလေးတွေရ အောင် ရိုက်ကူးဖြစ်ခဲ့တာပါ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...