ဧဒင်အချစ်ပုံပြင်: မီနီဘတ်စ် တိုက်လို့ သေသွားတဲ့ (၁၇)နှစ်အရွယ် ကောလိပ်ကျောင်းသူ

Wednesday 24 October 2012

မီနီဘတ်စ် တိုက်လို့ သေသွားတဲ့ (၁၇)နှစ်အရွယ် ကောလိပ်ကျောင်းသူ

 PHOTO: SHIN MIN DAILY NEWS
စင်္ကာပူနိုင်ငံရှိ အသက်(၁၇)နှစ်အရွယ် ကောလိပ် ပထမနှစ် ကျောင်းသူတစ်ဦးဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းက မီနီဘတ်စ် အတိုက်ခံခဲ့ရကြောင်း သိရသည်။
ယင်းကဲ့သို့ ကားတိုက်ခံခဲ့ရသည့်အတွက် အဆုတ် ၊ အသည်းနှင့် ဦးခေါင်းတွင် ဒဏ်ရာရသွားခဲ့ကာ သတိပြန်လည်မလာတော့ဘဲ (Coma) ရသွားခဲ့ကြောင်း သိရသည်။
သူမ၏အသက်ကို ကယ်နိုင်ဖို့ ခွဲစိတ်မှု သုံးကြိမ်ပြုလုပ်ခဲ့ပေမယ့် မိန်းကလေးသည် တနင်္လာနေ့၌ ဆေးရုံပေါ်တွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သူမသည် ကျောင်းတက်ခဲ့သည့် ကာလတလျောက် အများသုံးယာဉ်ကို မစီးဖူးခဲ့ဘဲ သူမ၏ မိဘများက ကျောင်းကြိုကျောင်းပို့ လုပ်ခဲ့ကြကြောင်း ၊ ကောလိပ်ပထမနှစ် တက်ချိန်တွင် မိဘများအား သူမဘာသာ ကျောင်းသွား ၊ ကျောင်းပြန်ခွင့်ပြုပါရန် ခွင့်တောင်းခဲ့ပြီး ယခုလို သူမ၏ Sengkang နေအိမ်မှ Serangoon Junior College သို့အသွားတွင် မီနီဘတ်စ် အတိုက်ခံခဲ့ရတာဖြစ်ကြောင်း သိရသည်။

by- burmesehearts

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...