ငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် ကေအိုင်အို ဗဟို ငြိမ်းချမ်းရေး
ဆွေးနွေးရေး အဖွဲ့ တို့ ရွှေလီမြို့ တွင် တွေ့ဆုံ ဆွေးနွေး သည့် နေ့တွင်
ဖားကန့် မြို့နယ် မှော်လဂင် ကျေးရွာ အနီးတွင် တပ်မတော် နှင့် ကေအိုင်အေ
တို့ တိုက်ပွဲ များ ဖြစ်ပွား နေကြောင်း ထွက်ပြေး တိမ်းရှောင် လာရသည့် ဒေသခံ
တို့က The Voice weekly
သို့ ဆက်သွယ် ပြောကြားသည်။
“ သေနတ်သံ ရော အမြောက်သံ ရော အကုန် ကြားရတယ်” ဟု မှော်လဂင် ကျေးရွာမှ အသက် ၃ဝ အရွယ် တိမ်းရှောင် လာသူ တစ်ဦးက ဆိုသည်။
ယင်းတိုက်ပွဲ ကြောင့် ထွက်ပြေး တိမ်းရှောင် လာသူ တို့သည် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ အုပ်စု မှော်ရှန် ရပ်ကွက် ဘုန်းတော်ကြီး ကျောင်း တွင် ခိုလှုံ နေကြပြီး လူဦးရေ ၅ဝခန့် ရှိကြောင်း ယင်း ကျေးရွာရှိ လက်ဖက်ရည် ဆိုင်ပိုင်ရှင် တစ်ဦး က ပြောကြား သည်။
ထွက်ပြေး တိမ်းရှောင် လာသူ တစ်ဦး ကမူ “စစ်တပ် (တပ်မတော်) က ရွာကနေ အကုန် တိမ်းရှောင်ဖို့ လာပြော လို့ပါ”ဟု ဆိုသည်။
ရွှေလီမြို့ ဆွေးနွေးပွဲ သည် ယနေ့ နေ့လည် ၁ နာရီ ၂ဝ မိနစ်တွင် ရပ်နား ခဲ့သည် ဟု The Voice Weekly သတင်းထောက် က သတင်း ပေးပို့ ပြီးနောက် နေ့လည် ၂ နာရီခွဲ ဝန်းကျင် အချိန်တွင် ဖားကန့် တွင် တိုက်ပွဲ ဖြစ်ပွား နေကြောင်း ဒေသခံ များက ဆက်သွယ် ပြောကြားသည်။

No comments:
Post a Comment