ဧဒင်အချစ်ပုံပြင်: Exclusive Interview - ကချင်လူမျိုး MMA Figher Aung La N Sang

Friday 12 October 2012

Exclusive Interview - ကချင်လူမျိုး MMA Figher Aung La N Sang







ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် မွေးဖွားခဲ့ပြီး လက်ရှိအချိန်တွင် အမေရိကန် Mixed Martial Arts (MMA) ဆုကြေးစား ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင် ကစားနေပြီး နောင်တစ်ချိန်တွင် Ultimate Fighting Championship (UFC) ၏ ချန်ပီယံ ဖြစ်စေရမည်ဟု ကြုံးဝါးထားသူ Aung La N Sang အား ရွှေလုံး အင်တာနက် စာမျက်နှာမှ ဆက်သွယ်ပြီး အင်တာဗျူး ပြုလုပ်ခဲ့သည်ကို တင်ဆက်ဖော်ပြ လိုက်ရပါသည်။
Aung La သည် လာမည့် အောက်တိုဘာ ၁၃ ရက်နေ့တွင် ဒယ်လာဝဲပြည်နယ်၌ ပြိုင်ဖက်ဖြစ်သူ Jason Louock အား ရင်ဆိုင် ထိုးသတ်သွားမည်ဖြစ်ပြီး ယင်းအနေဖြင့် အဆိုပါ ပွဲစဉ်အား ကချင်စစ်ဘေးမှ ဒုက္ခသည်များအတွက် ရည်ရွယ်ပြီး အနိုင်ယူမည်ဖြစ်ကြောင်း၊ ပွဲမှ ရရှိလာသည့် ဆုကြေးငွေ တစ်စိတ်တစ်ပိုင်းအားလည်း လှူဒါန်းသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အရပ် ၆ ပေ ၁ လက်မ၊ ကိုယ်အလေးချိန် ၁၇၅ ပေါင်ရှိ Aung La အား MMA လောကတွင် Burmese Python ဟုလည်း လူသိများကြသည်။
ယင်းနှင့် သက်ဆိုင်သည့် အင်တာနက် စာမျက်နှာများမှာ -
SHERDOG (Global Authority in MMA) - http://www.sherdog.com/fighter/Aung-La-Nsang-13029
---
မေး - ခင်ဗျားရဲ့ အကြောင်းကို နည်းနည်းလောက် ပြောပြပါလား။ အမေရိကားကို ဘယ်တုန်းကရောက်တယ်။ ပြီးတော့ မိသားစု အကြောင်း။ ပြီးတော့ MMA ကစားသမား ဘယ်လိုဖြစ်လာလဲ ဆိုတာတွေကို ပြောပြပေးပါ။
ဖြေ - ကျွန်တော်ကို မြစ်ကြီးနားမှာ မွေးဖွားခဲ့ပြီး ရန်ကုန်မှာ ကြီးပြင်းခဲ့ပါတယ်။ ကျွန်တော် အမေရိကန်နိုင်ငံကို ၂၀၀၃ ခုနှစ်က
စိုက်ပျိုးရေးသိပ္ပံပညာရပ် သင်ကြားဖို့ မစ်ချီဂန်ပြည်နယ် စိန့်အင်ဒရူး တက္ကသိုလ်သို့ ရောက်ရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ဘရာဇီးလ် ဂျူဂျစ်ဆုကစားနည်းနဲ့ မွှေထိုင်းတို့ကို ၂၀၀၄ မှာ စတင် လေ့ကျင့်သင်ယူခဲ့ပြီး ၁ နှစ်အတွင်းမှပဲ ကျွန်တော်ရဲ့ ပထမဆုံး MMA ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ပါတယ်။ MMA ကို အဲဒီမှာပဲ အရမ်းကို နှစ်သက်သွားခဲ့ပါတယ်။
Q1. Tell us a little bit about yourself. Like when you get to the States, your family. Also when and how did you become MMA Fighter?
I was born in Myitkyina and grew up in Yangon. I came to the US in the summer of 2003 to study Agriculture Science at Andrews University in Michigan. I started training Brazillian Jiu Jitsu and Muay Thai in 2004 and within a year I fought my first MMA fight and I was in love with fighting MMA.
မေး - MMA ဆိုတာကို မသိသေးတဲ့ ပရိသတ်ကြီးကို အမေရိကန်နိုင်ငံရဲ့ MMA လောက အကြောင်းကို ရှင်းပြပေးပါဦး။
ဖြေ - MMA (သို့) Mixed Martial Arts ဆိုတာက မိမိနှစ်သက်ကျွမ်းကျင်ရာ တိုက်ခိုက်နည်းနဲ့ ပြိုင်ဖက်ကို ရင်ဆိုင်ပြီး ကြမ်းပေါ်ကို ရောက်သွားတဲ့ အခါမှာလည်း မိမိအားသန်ရာ ထိန်းချုပ်နည်းနဲ့ ပြိုင်ဖက်ကို ချုပ်ကိုင်နိုင်ပါတယ်။ MMA ကစားနည်းဟာ ၁၉၉၀ ပြည့်နှစ်များမှာ ပေါ်ပေါက်လာခဲ့ပြီး ၂၀၀၅ ခုနှစ် ပတ်ဝန်းကျင်မှာ လွန်စွာမှ နာမည်ကျော်လာခဲ့ပါတယ်။ UFC (ခေါ်) Ultimate Fighting Championship ရဲ့ အောင်မြင်လာမှုကြောင့်လည်း ပါပါတယ်။ အခုတော့ MMA ကစားနည်းဟာ ကမ္ဘာတစ်ဝန်းမှာ လူသိများပြီး နိုင်ငံတကာမှာ ယှဉ်ပြိုင်ကစားနေပါတယ်။
Q2. Could you explain briefly about the world of MMA in the USA to the fans that are not familiar with it?
MMA (Mixed Martial Arts) is fighting that allows you to use all forms of strikes and all forms of grappling once the fight hits the ground. MMa started in the early 90s but became very popular in the mid-2000s because of the organization UFC. Now MMA has become global sport with many different countries and promotions putting on events.
မေး - ကျွန်တော်တို့ သိရတာက ခင်ဗျား အောက်တိုဘာ ၁၃ ရက်နေ့မှာ Jason Louock နဲ့ ရင်ဆိုင်တွေ့မယ့် ပြိုင်ပွဲကို ကချင်စစ်ဘေး ဒုက္ခသည်များအတွက် ရည်မှန်းပြီး ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ အဲဒီအကြောင်း ပြောပြပါလား။
ဖြေ - မှန်ပါတယ်။ ကျွန်တော် ဒီပြိုင်ပွဲကို ကချင်ဒုက္ခသည်တွေ အတွက် ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ နိုင်ငံတွင်းမှာ ကျွန်တော်တို့ ကချင်လူမျိုးတွေ ရင်ဆိုင်နေရတာတွေ၊ ကြုံတွေ့နေရတဲ့ ဒုက္ခတွေအကြောင်း အမြဲကြားနေရပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာ သူတို့တွေအတွက် ပေးဆပ်မှုအနေနဲ့ ယှဉ်ပြိုင်သွားမှာပါ။ ပြီးတော့လည်း ဖြစ်ရပ်တွေကို မသိသေးသူတွေလဲ သိရှိရအောင် ရည်ရွယ်ပါတယ်။
Q3. It is to our knowledge that you are dedicating your October 13 fight with Jason Louock for the Kachin people. Could you tell us about that?
Yes, I am dedicating this fight to Kachin people because I heard about the situation in our country with my people and I heard about the hardship the refugee are going through. This is my way of giving back to them and hopefully it raises some awareness.
မေး - မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး အခြေအနေအပေါ် ဘယ်လိုမြင်ပါသလဲ။ လတ်တလေကာလအတွင်း ကချင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ တင်းမာတဲ့ အခြေအနေအပေါ် ခင်ဗျားရဲ့ အမြင်ကို ပြောပြပေးပါ။
ဖြေ - မြန်မာနိုင်ငံမှာ နေထိုင်ကြီးပြင်းခဲ့ဖူးတဲ့ သူတစ်ယောက် အတွက်တော့ ကချင်ပြည်နယ်မှာ လက်ရှိဖြစ်ပွားနေတာတွေက မထူးဆန်းပါဘူး။ ကြားကနေ ဓားစာခံ ဖြစ်နေရတဲ့ ပြည်သူလူထုအတွက်ပဲ ဝမ်းနည်းမိပါတယ်။ သူတို့အတွက်က မျှော်လင့်ချက်ဆိုတာ နည်းပါးလွန်းပါတယ်။
Q4. What’s your view on current political situation in Myanmar? Also how do you feel about the recent fierce clashes in Kachin State?
If you have ever lived in Burma, what's happening in our country should not surprise you. I just feel bad for the victims and their families. Its a very hopeless situation.
မေး - အခုဆိုရင် လူမှုရေးကွန်ယက်တွေမှာ မျှဝေတာတွေ၊ ကျွန်တော်တို့ရဲ့ shwelone.com ကနေ ဖြန့်ဝေထားတဲ့ သတင်းတွေကြောင့် အခုဆိုရင် အောင်လ ဆိုပြီး ကမ္ဘာတစ်ဝန်းက မြန်မာ တိုင်းရင်းသားတွေ အကြားမှာ နာမည်ကျော်ကြား နေပါပြီ။ ခင်ဗျားအနေနဲ့ ပရိသတ်ကြီးကို ဘာများ ပြောချင်ပါသလဲ။
ဖြေ - ကျွန်တော် MMA ကို လေ့ကျင့်ကစားနေတာ ၈ နှစ် ရှိပါပြီ။ တကယ်တော့ ဒီခရီးလမ်းက မလွယ်ပါဘူးဗျာ။ အရမ်းကို ကြိုးစားအားထုတ် ခဲ့ရပါတယ်။ အခုအချိန်မှာတော့ ပရိသတ်ကြီးက သိရှိလာပြီး အားပေးမှုတွေ ရလာနေပါတယ်။ ကျွန်တော်ကိုယ်ကျွန်တော် အတော်ဆုံးလို့ မပြောနေပါဘူး။ ဒါပေမယ့် ကြိုးစားအားထုတ်မှုရယ်၊ ဘုရားသခင်ရဲ့ အစောင့်အရှောက်ကိုသာ ရမယ်ဆိုရင် လူတွေဟာ အရာရာတိုင်းကို အောင်မြင်အောင် ဆောင်ရွက်နိုင်တယ်လို့ ယုံကြည်ပါတယ်။
Q5. Because of Social Media sharing and news on our website (shwelone.com) you are quickly becoming a sensation among people of Myanmar from around the world. Would you like to say something to the fans?
I have been training for 8 years now. It was not an easy road. I am working very hard and only now its coming together for me, I am not very smart or very athletic. With hard work and God's grace, we can achieve anything.
မေး (အောင်ကျော်မင်း) - ဘယ်လို ကိုယ်ခံပညာတွေကို သင်ယူခဲ့ပါသလဲ။ မြန်မာ့ရိုးရာ သိုင်းပညာကို လေ့လာ သင်ယူဖူး ပါသလား။
ဖြေ - ဘရာဇီးလ် ဂျူဂျစ်ဆု၊ ဂျူဒို၊ နပန်း၊ မွှေထိုင်းနဲ့ လက်ဝှေ့တို့ကို သင်ယူခဲ့ တတ်ကျွမ်းခဲ့ပါတယ်။ မြန်မာ့ရိုးရာ သိုင်းပညာကိုတော့ မလေ့လာဖူးပါဘူး။ ဒါပေမယ့ ကျွန်တော့ သွေးထဲမှာ ရှိတယ်ဆိုတာ ယုံပါတယ်။ လက်ဝှေ့နဲ့ နပန်းဟာ ကျွန်တော့ သွေးထဲမှာ စီးဆင်းနေပါတယ်။
Q5. Aung Kyaw Min – What type of Martial Arts did you learn? Have you ever seen/learned Myanmar traditional martial arts?
I learn Brazillian Jiu Jitsu, Judo, Wrestling, Muay Thai and Boxing. I have never formally learned Myanmar Traditional Martial Arts but I know it's in my blood. Leth Wei and Naban are in my blood.
မေး (စိုးမြင့်သိန်း) - အစိုးရ တပ်တွေနဲ့ ကချင်တပ်တွေရဲ့ တိုက်ခိုက်မှုတွေအကြား စစ်ဘေးသင့်နေရတဲ့ ကချင်ပြည်သူတွေအတွက် သင့်အနေနဲ့ ဘယ်လောက်ထိ လုပ်ပေးနိုင်မယ် ထင်ပါသလဲ။ မြန်မာအစိုးရနဲ့ KIA အကြား စကားပြောခွင့် ရမယ်ဆိုရင် သင်ဘာပြောမလဲ။
ဖြေ - ကျွန်တော်က နိုင်ငံရေးသမား မဟုတ်ဘူးလေ။ ကျွန်တော် လုပ်ပေးနိုင်တာက ဒုက္ခရောက်နေတဲ့ မိသားစုတွေကို ထောက်ပံ့ပေးတာပါ။
Q6. Soe Myint Thein – To what extent do you think you can do to help the Kachin people in the midst of fierce clashes with Government forces? If you were given speak to the Myanmar Government and KIA, what would you tell them?
I am not a politician; all I can do is help families that are in trouble because of the conflict.
မေး (ကိုကိုမင်း) - သင့်ရဲ့ ရည်မှန်းချက်က ဘာလဲ။ သင့်ဘဝမှာ အလိုချင်ဆုံးနဲ့ အဖြစ်ချင်ဆုံး အရာကဘာလဲ။
ဖြေ - ကျွန်တော် ဖြစ်ချင်တာကတော့ အဓိပ္ပါယ်ရှိတဲ့ ဘဝတစ်ခုကို ရရှိချင်ပါတယ်။ ဘာမှ မဟုတ်ဘူးဆိုတဲ့ လူမျိုး မဖြစ်ချင်ပါဘူး။ MMA ကစားနည်းမှာ တတ်နိုင်သလောက် အောင်မြင်ချင်ပါတယ်။ ပြီးရင် ကစားရုံဖွင့်ပြီး သူများတွေကို သင်ကြားပေးလိုပါတယ်။
Q7. Ko Ko Min – What is your goal? What is the thing you want to achieve most in your life?
My goal is to live a life worth living and not be nobody. I want to be the best Mixed Martial Arts fighter I can be and open up a gym where I can teach other what I learn and influence people in a positive way.
မေး (အောင်ထွန်းဦး) - ပွဲတွေကို မလွတ်တမ်း ကြည့်ဖြစ်ပါတယ်။ ဘယ်လောက်ထိ အောင်မြင်ဖို့ မျှော်မှန်းထား ပါသလဲ။
ဖြေ - UFC မှာ ယှဉ်ပြိုင်ဖို့ ကြိုးစားနေပါတယ်။ တစ်နေ့မှ ကျွန်တော် UFC ချန်ပီယံ ဖြစ်ရပါမယ်။
Q8. Aung Htoon Oo – I never miss your matches. How far do you think you want to go in your career?
I will fight in the UFC and one day I will be a champion.
မေး - (သက်အောင်) မြန်မာ လက်ဝှေ့သမားတစ်ယောက်နဲ့ ရင်ဆိုင်ဖို့ အစီအစဉ် ရှိပါသလား။
ဖြေ - အရမ်း ဖြစ်ချင်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အမေရိကားမှာက ပွဲတွေလည်း ပိုများပြီး ဘဝတက်လမ်းလည်း ရှိတာတယ်လို့ ထင်ပါတယ်။
Q9. Thet Aung – Do you have a plan to have a dual with a Fighter/Boxer from Myanmar?
I would love to but as of now there are a lot more competition here in the US for me that make more sense.
မေး - (Hellen KayKay) မြန်မာနိုင်ငံကို ဘယ်တော့ လာမလဲ။
ဖြေ - မကြာမီ နှစ်ပိုင်းအတွင်းမှာလို့ မျှော်လင့်ရပါတယ်။ ကိုယ့်နိုင်ငံရဲ့ ရေမြေ၊ စားစရာနဲ့ ပြည်သူတွေကို အရမ်းကို လွမ်းရပါတယ်။
Q10. Hellen KayKay – When (will) you visit to Myanmar?
I hope to in a couple years. I miss the food, the people and the places.
မေး (အောင်အောင်ဇော်) - လာမည့် အောက်တိုဘာ ၁၃ ရက်နေ့ပွဲအပေါ် ခံစားချက်လေးကို ပြောပြပေးပါ။ ဘယ်လို ရလဒ်မျိုး ရရှိမယ် ထင်ပါလဲ။
ဖြေ - အနိုင်ယူပါမယ်။ ဒီပြိုင်ပွဲအတွက် ဘယ်တုန်းကနဲ့ကမှ မတူအောင် အထူးပြင်ဆင်ထားပါတယ်။ ဒါဟာ ကျွန်တော့ရဲ့ တာဝန်ပါ။ ကျွန်တော် ဘယ်လောက်ထိ တိုးတက်လာလဲဆိုတာကို ပရိသတ်ကြီးကို ပြသသွားဖို့ အဆင်သင့်ပါပဲ။
Q11. Aung Aung Zaw - What do you expect to achieve from your upcoming match. How do you feel you would do?
I will get a Win, its just another fight and its the most prepared I've been. Its my job and I am getting better at my job and I am excited to show the world how much I have improved.
မေး (ကျော်မင်းထိုက်) – ပွဲတစ်ပွဲအတွက် ဘယ်လို ပြင်ဆင်ပါလဲ။ စိတ်ပိုင်းဆိုင်ရာကော ရုပ်ပိုင်းဆိုင်ရာပါ။
ဖြေ - တစ်နေ့ကို ၂ ကြိမ် ပြင်းပြင်းထန်ထန် လေ့ကျင့်ပါတယ်။ တစ်ကြိမ်ကို နာရီအတန်ကြာပါတယ်။ အစားအသောက်ကလည်း စနစ်တကျနဲ့ပါ။ လေ့ကျင့်မှုကနေ့ စိတ်ပိုင်းဆိုင်ရာမှာ ကြံ့ခိုင်မှုရှိအောင် ပြုလုပ်ပါတယ်။ ကိုယ့်ကိုကိုယ်လည်း target တစ်ခု သတ်မှတ်ထားပါတယ်။
Q12. Kyaw Min Htike – How do you prepare for each match, physically and mentally?
I train twice a day, a couple hours each session and I am on a pretty strict diet. This hard training mentally makes me stronger and I set my mind on my goal.

မေး (ကျော်သူလွင်) - မြန်မာ့ လက်ဝှေ့ချိန်ပီယံ တွေ့မရှောင်နဲ့ ထိုးသတ်ဖို့ စိတ်ဝင်စားလား။
ဖြေ - ကျွန်တော် သူ့ကို မသိပါဘူး။ ကစားနည်းပုံစံလဲ ကွာပါတယ်။ ဒါပေမယ့် ဘယ်သူ့ကိုမဆို ရင်ဆိုင်ဖို့ အသင့်ပါပဲ။
Q13. Kyaw Thu Lwin – Would you be interested in doing a matchup with Myanmar Boxing Champ “Twae Ma Shaung”?
I don't know him that well, and the kind of fighting I do is different from his. But I am down to fight anyone.
မေး (နိုင်းအာကာ) – အခုလာမယ့် ပွဲကနေ ရရှိလာတဲ့ ဆုကြေးငွေတွေကို ကချင်ဒုက္ခသည်တွေအတွက် လူဒါန်းသွားမယ်လို့ သိရပါတယ်။ အဲဒါတကယ်ပဲလား။ နောက်ထပ်ဘာတွေ လုပ်ပေးဖို့ အစီအစဉ် ရှိပါသလား။
ဖြေ - မှန်ပါတယ်။ ဒီပွဲကနေ ရရှိတဲ့ ဆုကြေးငွေထဲက တစ်ချို့တစ်ဝက်ကို ကချင်စစ်ဘေး ဒုက္ခသည်တွေအတွက် လှူဒါန်းသွားမှာပါ။ များလှတယ်တော့ မဟုတ်ပါဘူး။ ဒီလိုပဲ အစပေါ့နော်။ အကြီးအကျယ် ပြောင်းလဲမှုတွေလဲ ဒါလေးကြောင့် ဖြစ်လာမယ် မဟုတ်ဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် နောက်ပြိုင်ပွဲတွေကနေလည်း ကူညီသွားမှာဖြစ်သလို တတ်နိုင်သလောက် အကျိုးရှိအောင် ဆောင်ရွက်သွားမှာပါ။
Q14. Nai Arkar – We heard you are dedicating your next game for the Kachin people and will donate the proceedings to the Kachin refugees? Is it true? What else do you plan to help them?
Yes it is true, I will be donating a portion of my proceeds from this fight for the Kachin refugees. Its not much but it's a start, I know its not going to make much of a difference but it will make a difference in someone's life. I plan to keep helping out every fight and try to make a difference.

1 comment:

  1. ဂုဏ်ယူမိပါတယ် အောင်မြင်ပါစေလို့

    ReplyDelete

Related Posts Plugin for WordPress, Blogger...