
၎င်းင်းတို့(၂)ဦးအား ပြန်လည်ဖမ်းဆီးရမိရေးအတွက် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၏ စုံစမ်းချက်အရ ပဲခူး၊ သထုံ(ကျိုက်ထီးရိုး) မှတဆင့် မန္တလေး၊ လားရှိုး၊ မူဆယ်၊ ရွှေလီမြို့များတွင် ရောက်ရှိနေကြောင်း သတင်းရရှိခဲ့သဖြင့် ဒုတိယပြည်နယ်ရဲတပ်ဖွဲ့ရုံး(လားရှိုး)မှ တပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း ၍ စုံစမ်းဖမ်းဆီးခဲ့ရာ ရှိုးဂန်းနှင့် ကျော်ဇေယျာလင်းတို့အား ၂၀.၁၂.၂၀၁၂ ရက်နေ့ ၁၃၀၀ အချိန် လားရှိုးမြို့၊ ရပ်ကွက်(၈)၊ သိနီ်္နလမ်း၊ ယုံဟော်စားသောက်ဆိုင်တွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။ စစ်ဆေး ဖော်ထုတ်ချက်အရ ထွက်ပြေးနေစဉ်ကာလအတွင်း မန္တလေးမြို့ရှိ တိုက်ခန်း(၁)ခန်းမှ ငွေကျပ်သိန်း(၆၀)နှင့် ရွှေထည်ပစ္စည်း(၁၂)မျိုး၊ စုစုပေါင်းတန်ဖိုးငွေကျပ် (၁၀၇)သိန်းအား ဖောက်ထွင်း ခိုးယူခဲ့ကြောင်း သိရှိရ သဖြင့် မန္တလေးအမှတ်(၈)ရဲစခန်း (ပ)၇၂၂/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် ထပ်မံ အရေးယူခဲ့ကြောင်း သတင်းရရှိသည်။
by-ရဲဇာနည်....
No comments:
Post a Comment