ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်း မကြီးရှိမြေနီကုန်းမှတ်တိုင်၊ (မီးပွိုင့် အနီးရှိပိုစတာပန်းခြံ) မြေနီကုန်း မှတ်တိုင်တို့သည် မြို့နယ်အသီး သီးသို့ဆက်သွယ်သွားလာနိုင်သော ဘတ်(စ်) ကားလိုင်းများစွာ ရပ်နား သဖြင့် အများပြည်သူတို့အားကိုး စောင့်ဆိုင်းစီးနင်းရသည့်အချက် အချာနေရာများဖြစ်သည်။
ယင်းမှတ်တိုင်များအနီးတစ် ၀ိုက်တွင် ဒဂုံစင်တာ ၉၁)၊ (၂) မြေနီကုန်းပလာဇာ၊ ပန်းခြံ၊ STAR-MART နှင့် ဂမုန်းပွင့်၊ စတိုးဆိုင် ခန်းများ၊ ကုမ္ပဏီရုံးခန်းများနှင့် သင်တန်းခန်းမများစသည်တို့ရှိနေ သဖြင့် အထူးစည်ကားသွားလာ ကြသော ပတ်ဝန်းကျင်ဖြစ်သည်။
ထိုစည်ကားမှုနှင့် အတူလမ်း မပေါ်တွင် ကိုယ်ပိုင်ယာဉ်များ ပြည့်နှက်စွာရပ်ထားကြသလိုစည်း ကမ်းမဲ့ TAXI ကား အချို့က အလယ်ယာဉ်ကျောတွင် ကျောက် ချရပ်ကားငှားမည့်သူကိုစောင့်၍ ရပ်နားခြင်း၊
လူကူးမျဉ်းကျားပေါ် တွင် တစ်ခါတရံပိတ်ဆို့ရပ်ခြင်းများ သာမကပဲ အများပြည်သူအလုပ် သားအလုပ်ပြန်ကျောင်းသွားကျောင်း ပြန်အားကိုးစီးနင်းစောင့်ဆိုင်းရ သည့်ဘတ်(စ်)ကားမှတ်တိုင်နေရာ ရာများတွင်ပါ ရပ်နားလူစောင်နေ ကြသဖြင့် ဘတ်(စ်)ကားကြီး၊ ကားငယ်များမှတ်တိုင်တွင်ရပ်မရ ပဲလမ်းလယ်တွင် ကြုံသလိုရပ်၍ ခရီးသည်အတင်အချပြုလုပ်နေကြ ရသဖြင့် ယာဉ်ကျောများမကြာခဏ ပိတ်ဆို့လျက်ရှိပါသည်။
ထို့အတွက်အကြောင်းအမျိုး မျိုးဖြင့် သွားလာနေကြသော ခရီး သွားပြည်သူများအတွက် ယာဉ်ကျော ပိတ်ဆို့မှုကြောင့် မလိုလားအပ် သော အချိန်ကြန့်ကြာပြီးစိတ်ပင် ပန်းမှုဒဏ်ကို ရင်ဆိုင်ခံစားကြရပါ သည်။ အထက်ပါပုံစံအတိုင်း ရန်ကုန်မြို့လယ်အနှံ့စည်ကားရာ နေရာများတွင်လည်း စည်းကမ်းမဲ့ TAXI များအား တာဝန်ရှိသူများ က အထူးကြပ်မတ်ထိန်းသိမ်းသင့် ကြောင်းနှင့် ယင်းသို့စနစ်တကျ ထိန်းသိမ်းခြင်းမပြပါမူ ယာဉ်ကျော ပိတ်ဆို့မှုများကို ပိုမိုရင်ဆိုင်ကြုံတွေ့ လာမည်ဖြစ်ကြောင်း လမ်းစည်း ကမ်းယာဉ်စည်းကမ်းလိုက်နာသူ တစ်ဦး၏ သုံးသပ်ပြောကြားသံ ကိုကြား သိရသည်။
ကောင်းစည်သံ
No comments:
Post a Comment