ဧဒင်အချစ်ပုံပြင်: **ကမ္ဘာစစ်အတွင်း အာဇာနည်အမျိုးသမီးရုပ်တု လန်ဒန်မြို့၌ ဖွင့်လှစ်ပြသထားမည်**

Tuesday 6 November 2012

**ကမ္ဘာစစ်အတွင်း အာဇာနည်အမျိုးသမီးရုပ်တု လန်ဒန်မြို့၌ ဖွင့်လှစ်ပြသထားမည်**


(နယူးဒေလီ နိုဝင်ဘာ ၅)
ဒုတိယကမ္ဘာစစ်အတွင်းက ကွယ်လွန်သူ
အမျိုးသမီးအာဇာနည် နျူရ်အိုင်နာယက် ခန်၏ကိုယ်တစ်ပိုင်းရုပ်တုကို လန်ဒန်မြို့ ဗြိတိန်တော်ဝင်မင်းသမီး အင်န်က လာမည့် ရက်သတ္တပတ်အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း အင်ဒိုအေးရှားသတင်းဌာနက နိုဝင် ဘာ ၄ ရက်တွင် ကြေညာသည်။ နျူရ်ခန်သည်
အိန္ဒိယနွယ်ဖွား ဗြိတိန်သူဖြစ်ပြီး အသိမ်းပိုက်
ခံပြင်သစ်နယ်မြေ အတွင်း စေလွှတ်ခံရသည့် ပထမဆုံးအမျိုးသမီးရေဒီယိုအော်ပရေတာဖြစ်ပြီး
 စွမ်းစွမ်း တမံဆောင်ရွက်ခဲ့သူဖြစ်သည်။

 နောက်ဆုံး နာဇီတို့၏ဖမ်းဆီးသတ်ဖြတ်ခြင်းခံလိုက်ရသူ ဖြစ်သည်။ ၄င်း၏ကိုယ်တစ်ပိုင်းကြေးရုပ်တုကို လန်ဒန်မြို့ ကပ်ဂေါ်နွန်ပန်းခြံ၌ နိုဝင် ဘာ ၈ ရက်တွင် ဖွင့်လှစ်မည်ဖြစ်သည်။ (အင်တာနက်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...