Tuesday, 13 November 2012
လိင်ပြောင်းထားသူတို့ရဲ့ အလှအပ ပြိုင်ပွဲ(ဗီဒီယို/ဓာတ်ပုံ)...
လိင်ပြောင်းလဲထားသူအများအပြား ၀င်ပြိုင်ကြတဲ့ Miss International Queen 2012 ပြိုင်ပွဲကို မကြာသေးခင် ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ ကျင်းပပါတယ်။ သရဖူဆောင်းသွားသူကတော့ ဖိလစ်ပိုင်ကပါ။ အမည်က - Kevin Balot သူ့အသက်က ၂၁ နှစ် ရှိပါပြီ။ ဒီအောင်မြင်မှုကြောင့် လိင်ပြောင်းလဲထားသူတွေ၊ ဂေးတွေကို နားလည်ပေးကြဖို့၊ လက်ခံလာဖို့အတွက် သူ့နိုင်ငံမှာ ပိုပြီးလှုံ့ဆော်နိုင်မယ်လို့ သရဖူဆောင်းသူက မီဒီယာတွေကို ပြောပါတယ်။ သူက အမျိုးသားအဖြစ်နဲ့ မွေးဖွားလာသူပါ။ အခုတော့ ပြောင်းလဲထားပါပြီ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း လုပ်ခဲ့တဲ့ ဒီပွဲမှာ နိုင်ငံပေါင်း ၁၅ နိုင်ငံက အလှပဂေး ၂၁ ဦး ၀င်ပြိုင်ခဲ့တာပါ။ နိုင်ငံတကာမှာ ဒီပွဲကို အာရုံစိုက်ကြသူတွေ၊ ပွဲရှိတဲ့နေရာအထိ အရောက်လာသူတွေလည်း မနည်းမနောပါပဲ။
အမျိုးသမီးများအဖြစ် အသွင်ပြောင်းထားသူတွေက ဓာတ်ပုံထဲမှာတော့ အမျိုးသမီးတွေအတိုင်းပါပဲ။
တတိယလိင်တွေကို စိတ်ဝင်စားသူအင်အားက အများအပြား ရှိနေပါတယ်။
ပြိုင်ပွဲအွန်လိုင်းတွေမှာတော့ အချက်အလက် ပြည့်ပြည့်စုံစုံ တွေ့ရပါလိမ့်မယ်။
http://www.missinternationalqueen.com
အောက်ဖော်ပြပါပုံများကိုတော့ ပြိုင်ပွဲကော်မတီရဲ့အွန်လိုင်းကနေ ယူပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment