ဧဒင်အချစ်ပုံပြင်: “သာကေတ ၃၅ ဘတ်စ် မှတ်တိုင်မှ ကားစောင့်နေသူ ခရီးသည်များကို ၀င်တိုက်”

Friday, 9 November 2012

“သာကေတ ၃၅ ဘတ်စ် မှတ်တိုင်မှ ကားစောင့်နေသူ ခရီးသည်များကို ၀င်တိုက်”


Photo: “သာကေတ ၃၅ ဘတ်စ် မှတ်တိုင်မှ ကားစောင့်နေသူ ခရီးသည်များကို ၀င်တိုက်” 

ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့် က သာကေတမြို့နယ် ၊ မြင်တော်သာ လမ်းပေါ်ရှိ ကျန်းမာရေးမှတ်တိုင်တွင် မြို့ထဲသို့ဦးတည်မောင်းလာသော၃၅ မီနီဘတ်စ် ၅ခ/----မှလမ်းဘေး၌ကားစောင့်နေသူခရီးသည်များကို   အရှိန်လွန်၍ ၀င်တိုက်ခဲ့ပြီး ခရီးသည် ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။
ဒဏ်ရာရရှိသူများမှာ ကားဂိတ်ရှိ ရွှေညောင်ပင်ကွမ်းယာဆိုင်မှ ကိုစည်သူကျော်၊ အသက်၄၀ အရွယ်ရှိအမျိုးသားတစ်ဦးနှင့် အသက်၂၀ ၀န်းကျင်ရှိ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ကိုစည်သူကျော်၏ မိခင်ဖြစ်သူက 
“ ကားက မှတ်တိုင်နားရောက်မှ လမ်းမပေါ်ကနေလူအုပ်ကြားထဲဆင်းလာတာ။ရှေ့မှာက တခြား၃၅ တစ်စီးနဲ့တက္ကစီတစ်စီးရှိတယ်။ ဘယ်ဘက်ကြောမှာက ၆၂ တစ်စီးနဲ့ တက္ကစီတစ်စီးရှိနေတော့ ညာဘက်က ကျော်တာဖြစ်မယ်” ဟု  ပြောသည်။
ယဉ်တိုက်မှုကြောင့် ကိုစည်သူကျော်မှာ လက်မောင်းအဆစ်ပြုတ်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ဆေးရုံမှပြန်ဆင်းလာပြီဖြစ်သည်။ ကားအောက်သို့ရောက်ရှိသွားခဲ့သည့် အသက်၄၀အရွယ်ရှိအမျိုးသားမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးမှာမူ ပေါင်တွင်ကားကြိတ်မိသောဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီးတွင်ကုသမှုခံယူနေရဆဲဖြစ်ကြောင်းသိရသည်။
အဆိုပါအချိန်က မှတ်တိုင်တွင် ခရီးသည် ၂၀ ၀န်းကျင်ခန့်ရှိခဲ့ပြီး ကားမှာ လူများကိုဝင်တိုက်မိပြီးနောက် ကားဂိတ်အနီးရှိ ညောင်ပင်၏ လမ်းဘက်ထွက်နေသော အကိုင်းဖြင့်ချိတ်မိကာ ရပ်တန့်သွားကြောင်း မျက်မြင်တွေခဲ့ရသူများက ဆိုသည်။ 
“ကားအောက်ဝင်သွားတဲ့သူတွေကို အပြင်ရောက်အောင်ကားကို မပြီးထုတ်ခဲ့ရတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။ 
လက်ရှိတွင် အဆိုပါ ၃၅ ဘတ်စ် ၅ခ/---- မောင်းနှင်သူ ------အား သာကေတအမှတ်(၁) ရဲစခန်းမှ (ပ) ၈၆၃/၁၂ ၊ ပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 
---NW--( ဓါတ်ပုံမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကျန်းမာရေးမှတ်တိုင်အား နေလည်ပိုင်းရိုက်ကူးထားသည့်ပုံဖြစ်သည်)ယနေ့နံနက် ၉ နာရီဝန်းကျင်ခန့် က သာကေတမြို့နယ် ၊ မြင်တော်သာ လမ်းပေါ်ရှိ ကျန်းမာရေးမှတ်တိုင်တွင် မြို့ထဲသို့ဦးတည်မောင်းလာသော၃၅ မီနီဘတ်စ် ၅ခ/----မှလမ်းဘေး၌ကားစောင့်နေသူခရီးသည်
များကို အရှိန်လွန်၍ ၀င်တိုက်ခဲ့ပြီး ခရီးသည် ၃ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်းသိရသည်။
ဒဏ်ရာရရှိသူများမှာ ကားဂိတ်ရှိ ရွှေညောင်ပင်ကွမ်းယာဆိုင်မှ ကိုစည်သူကျော်၊ အသက်၄၀ အရွယ်ရှိအမျိုးသားတစ်ဦးနှင့် အသက်၂၀ ၀န်းကျင်ရှိ အမျိုးသမီးတစ်ဦးတို့ဖြစ်ပြီး ကိုစည်သူကျော်၏ မိခင်ဖြစ်သူက
“ ကားက မှတ်တိုင်နားရောက်မှ လမ်းမပေါ်ကနေလူအုပ်ကြားထဲဆင်းလာတာ။ရှေ့မှာက တခြား၃၅ တစ်စီးနဲ့တက္ကစီတစ်စီးရှိတယ်။ ဘယ်ဘက်ကြောမှာက ၆၂ တစ်စီးနဲ့ တက္ကစီတစ်စီးရှိနေတော့ ညာဘက်က ကျော်တာဖြစ်မယ်” ဟု ပြောသည်။
ယဉ်တိုက်မှုကြောင့် ကိုစည်သူကျော်မှာ လက်မောင်းအဆစ်ပြုတ်ဒဏ်ရာရရှိခဲ့ပြီး ယနေ့ ညနေပိုင်းတွင် ဆေးရုံမှပြန်ဆင်းလာပြီဖြစ်သည်။ ကားအောက်သို့ရောက်ရှိသွားခဲ့သည့် အသက်၄၀အရွယ်ရှိအမျိုးသားမှာ ဦးခေါင်းဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီးမှာမူ ပေါင်တွင်ကားကြိတ်မိသောဒဏ်ရာဖြင့် ရန်ကုန်ဆေးရုံကြီးတွင်ကုသမှုခံယူနေရဆဲဖြစ်ကြောင်းသိရသည်။
အဆိုပါအချိန်က မှတ်တိုင်တွင် ခရီးသည် ၂၀ ၀န်းကျင်ခန့်ရှိခဲ့ပြီး ကားမှာ လူများကိုဝင်တိုက်မိပြီးနောက် ကားဂိတ်အနီးရှိ ညောင်ပင်၏ လမ်းဘက်ထွက်နေသော အကိုင်းဖြင့်ချိတ်မိကာ ရပ်တန့်သွားကြောင်း မျက်မြင်တွေခဲ့ရသူများက ဆိုသည်။
“ကားအောက်ဝင်သွားတဲ့သူတွေကို အပြင်ရောက်အောင်ကားကို မပြီးထုတ်ခဲ့ရတယ်” ဟု တက္ကစီယာဉ်မောင်းတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါ ၃၅ ဘတ်စ် ၅ခ/---- မောင်းနှင်သူ ------အား သာကေတအမှတ်(၁) ရဲစခန်းမှ (ပ) ၈၆၃/၁၂ ၊ ပုဒ်မ ၃၃၈၊ ၃၃၇၊ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
---NW--( ဓါတ်ပုံမှာ ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့် ကျန်းမာရေးမှတ်တိုင်အား နေလည်ပိုင်းရိုက်ကူးထားသည့်ပုံဖြစ်သည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...