ဧဒင်အချစ်ပုံပြင်: ယာဉ် ရှောင်တခင် စစ်ဆေးဆောင်ရွက်

Tuesday, 13 November 2012

ယာဉ် ရှောင်တခင် စစ်ဆေးဆောင်ရွက်


နေပြည်တော် ကောင်စီ နယ်မြေအတွင်း ယာဉ်တိုက်မှု လျော့နည်း စေရေးအတွက် နေပြည်တော် ယာဉ်ထိန်း အဖွဲ့မှ တာဝန် ရှိသူများသည် မြို့နယ် ရှစ်မြို့နယ် အတွင်းရှိ သတ်မှတ်ထားသော စာသင်ကျောင်းနှင့် နေရာ အသီးသီးတွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိ ပညာပေး ဟောပြောပွဲများ ကျင်းပခြင်း၊ ယာဉ် စည်းကမ်း အသိ ပညာပေး လက်ကမ်း စာစောင်များ ဝေငှခြင်း၊ လူစည်ကားရာ လမ်းဆုံ လမ်းခွများတွင် LCD ပါဝါပွိုင့် များဖြင့် ပြသ၍ ပညာပေးလျက် ရှိပြီး လိုက်နာမှု မရှိသော ယာဉ်မောင်းများကို    စစ်ဆေး အရေးယူ ဆောင်ရွက်လျက် ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် လှည့်ကင်းဖြင့် စစ်ဆေး ဆောင်ရွက်မှု ရှိသကဲ့သို့ မြို့နယ်ယာဉ် စစ်ဆေးရေး အဖွဲ့၊ ပူးပေါင်းယာဉ် စစ်ဆေးရေး အဖွဲ့ဟူ၍ ခွဲခြား သတ်မှတ်ပြီး စစ်ဆေး အရေးယူ ဆောင်ရွက်လျက် ရှိသည်။ ဇမ္ဗူသီရိ ယာဉ် စစ်ဆေးရေး အဖွဲ့မှ ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၁၁ ရက် မွန်းလွဲ ၂ နာရီက နေပြည်တော်ဇမ္ဗူသီရိ မြို့နယ် ပျဉ်းမနား- တောင်ညိုသွား ကားလမ်းမကြီး၏ မြို့တော်ခန်းမ ရှေ့တွင် မော်တော် ဆိုင်ကယ် မောင်းနှင် သူများအား သတ်မှတ် စည်းကမ်းနှင့် အညီ မောင်းနှင်မှု ရှိ၊ မရှိ စစ်ဆေး ဆောင်ရွက်၍ လိုက်နာမှု မရှိသော ယာဉ်မောင်း များအား အရေးယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...