အခမ်းအနားမှာ အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီနဲအတူ အလှူရှင်များက အလှူငွေများ ပေးအပ်လှူဒါန်း ခဲ့ကြပါတယ်။ ဖိုးချစ်က ငွေကျပ်သိန်း ၂ဝလှူဒါန်းခဲ့ပါတယ်။ လူနာတွေကို ကြည့်ပြီး တအားစိတ်မကောင်းဖြစ်ခဲ့ ရတယ်ဆိုတဲ့ ဖိုးချစ်က “အဲဒီလောက်အထိ ဆိုးဆိုးရွားရွားကြီး ခံစားရလိမ့်မယ်လို့ မထင်ထားဘူး။ ရောက်တဲ့အချိန်မှာ တကယ့်ကို ရင်ထဲမှာ ဆို့ဆို့နင့်နင့်ကြီး ခံစားရတယ်။ ပြီးတော့ တစ်ခါမှလည်း အဲဒီလောက် ကြီးကြီးမားမားဖြစ်တာ မမြင်ဖူးဘူး။ ပိတ်ဖြူတွေ အုပ်ထားရတယ်။ ပတ်တီးတွေ ပတ်ထားရတယ်။အားပေးစကားတွေလည်း ကျွန်တော် အများကြီးပြောခဲ့တယ်။ အားလုံးအား မငယ်ကြပါနဲ့။ ကျွန်တော်တို့ အားလုံးလည်း ဝိုင်းကူကြမှာပါ။ နောက်ထပ်လည်း လာလှူ ပါဦးမယ်လို့ ပြောခဲ့တယ်။ ဒုက္ခအကြီးအကျယ် ရောက်ပြီးတော့ အသက်အတွက်ကိုတောင် လွန်ဆွဲနေရတယ်။ ထလို့မရ၊ ထိုင်လို့မရ၊ ထိလို့မရ၊ ကိုင်လို့မရတဲ့ အခြေ အနေမျိုး ဖြစ်နေကြတာပါ။ ဒါကြောင့် အလှူရှင်တွေအနေနဲ့လည်း ဒီနေရာကို အာရုံစိုက်ပေးကြပါဦးလို့ တကယ်ရင်ထဲကနေ နင့်နင့်နဲနဲကို တောင်းဆိုတာပါ”လို့ ပြောပါ တယ်။ ဖိုးချစ်က နိုဝင်ဘာ၂၂ရက်နေ့ ကျိုက်ထိုမှာကပြမှာဖြစ် ပြီးသားစိုးတို့၊ သြရသတို့ကလည်း ပါဝင် ဖျော်ဖြေကြမှာဖြစ်သလို ပွဲကရရှိတဲ့အနု ပညာကြေးများကို မီးလောင်လူနာများအတွက် သွားရောက် လှူဒါန်းကြမှာ ဖြစ်ကြောင်း ပြောပါတယ်။
လင်းအက္ခရာ
[ဓာတ်ပုံများကိုပေးပို့ကူညီပေးပါသော ကိုနေလင်းထွန်း(ကန့်ဘလူ)အားကျေးဇူးအထူးတင်ရှိပါသည်။]
No comments:
Post a Comment