ဧဒင်အချစ်ပုံပြင်: ဝတ်လစ်စားလစ်ကောလိပ်ကျောင်းသား ရဲပစ်သတ်ခံရ

Monday 27 May 2013

ဝတ်လစ်စားလစ်ကောလိပ်ကျောင်းသား ရဲပစ်သတ်ခံရ


အယ်လ်ဘားမား၊ မေ ၂၇
အယ်လ်ဘားမားကောလိပ်ကျောင်းသားတစ်ယောက်သည် ဝတ်လစ်စားလစ်နေထိုင်နေသည်ကို ရဲကတွေ့ရှိပြီး သေနတ်ဖြင့် ပစ်ခတ်လိုက်သောကြောင့် သေဆုံးသွားရကြောင်း ကောလိပ်တာဝန်ရှိသူများက သတင်းထုတ်ပြန်ခဲ့သည်။
ကောလိပ်ကျောင်းဝင်းအတွင်း တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦးသည် ကျောင်းဝင်းအတွင်း ဝတ်လစ်စားလစ်ဖြင့် ရမ်းကားနေသည့် ကျောင်းသားတစ်ဦးကို ပတ်ဝန်းကျင်ရှိကျောင်းသားများအား
ဒုက္ခပေးနိုင်ခြင်း၊ ရန်လိုခြိမ်းခြောက်သည့် အမူအယာ များရှိနေခြင်းကြောင့် ပစ်သတ်လိုက်ရကြောင်း အယ်လ်ဘားမားတောင်ပိုင်းတက္ကသိုလ်၏ တာဝန်ရှိသူများကပြောကြားခဲ့သည်။
ကျောင်းဝင်းအတွင်းရှိ ရဲစခန်းကို ညဥ့်သန်းခေါင် ၁ နာရီအချိန်တွင် တံခါးလာခေါက်သဖြင့် တာဝန်ကျ ရဲအရာရှိက စခန်းအပြင်ဘက်သို့ထွက်ကြည့်ကြောင်း၊ ထိုအချိန်တွင် အသက် ၁၈ နှစ်အရွယ်ကျောင်းသား ဂီးလ်ဘတ် သောမတ်စ် ကော်လာ ဆိုသူကို တွေ့ရကြောင်း၊ သူသည် အဝတ်အစားများကို ဝတ်မထားဘဲ ရန်လိုသည့်အပြုအမူများကို ပြုလုပ်ခဲ့သဖြင့် ပစ်ခတ် လိုက်ရကြောင်း ကျောင်းဝက်ဘ်ဆိုက်တွင်လည်း ရေးသားဖော်ပြထားသည်။
ထိုကျောင်းသားသည် ရဲအရာရှိကို စိန်ခေါ်ပြီး တိုက်ခိုက်ရန်ပြင်ဆင်ခဲ့ကြောင်း၊ ရဲအရာရှိက သေနတ်ကိုဆွဲထုတ်ပြီး ပြန်သွားရန် အကြိမ်ကြိမ်တားမြစ်ခဲ့ကြောင်း၊ သို့သော်သူက ခြိမ်းခြောက်မှုများကို ပြုလုပ်သည့်အပြင် ရန်မူလာခြင်းကြောင့် ပစ်ခတ်လိုက်ရကြောင်း ရဲအရာရှိကပြောကြားခဲ့သည်။ ပစ်ခတ်မှုကြောင့် ရင်ပတ်ကိုထိမှန်ပြီး လဲကျကာ ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။
ရဲအရာရှိကို မည်သူဖြစ်ကြောင်း ထုတ်ဖော်ခြင်းမရှိပေ။ သို့သော် တာဝန်ရှိသူများက ထိန်းသိမ်းပြီး စုံစမ်းစစ်ဆေးလျက်ရှိသည်။ ကျောင်းဝက်ဘ်ဆိုက်ကလည်း ထိုသတင်းကိုထုတ်ပြန်ပြီးနောက် သတိအနေအထားဖြင့် တပ်လှန့်ထားသည်။ နယ်မြေတရားရေးဌာနနှင့် ရဲတပ်ဖွဲ့က ထိုအမှုကို ကိုင်တွယ်စစ်ဆေးနေကြောင်း သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...