မကွေးတိုင်း ဒေသကြီး သရက်ခရိုင် သရက်မြို့ ပိတောက်ပင် ရေနံမှော် ရေနံ
လက်ယက် တွင်းတိမ် ရှာဖွေ တူးဖော် ထုတ်လုပ်ခွင့်ရ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက်
အတွင်း ယမန်နေ့ ညနေ ၅ နာရီ ၁ဝ မိနစ် က အကြိမ်
(၂ဝ)မြောက် မီးလောင်မှု
ဖြစ်ပွားကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရွှေရာသီ ကုမ္ပဏီ လုပ်ကွက်
အတွင်းရှိ တွင်းအမှတ်f GS55 ရေနံတွင်း၌ ရေနံခပ် လုပ်သား ရန်
အောင် ၂၂ နှစ်
(ဘ)ဦးမော် ဆတ်သွား ကျေးရွာ ရေစကြို မြို့နယ်သည် ကလပ်ခုံဖြင့် ရေနံ
ခပ်ယူနေစဉ် ရေနံ
ခပ်ခွက် သံကိုင်းနှင့် ရေနံတွင်းကာ သံပိုက်တို့
ပွတ်တိုက်မိရာ ရေနံတွင်း အတွင်းမှ မီးစတင် လောင်ကျွမ်း ခဲ့
သဖြင့် ကလပ်ခုံ၊
အင်ဂျင်နှင့် ရေနံခပ် ပစ္စည်းများ မီးလောင် ဆုံးရှုံးခဲ့ သည်။
မီးလောင်မှု
ဖြစ်ပွားစေရန် ပေါ့ဆ စွာ ပြုလုပ်သူ ရန်အောင် ၂၂ နှစ် (ဘ) ဦးမော်အား သရက်
ရဲစခန်းမှ အမှု
ဖွင့် အရေးယူ ဆောင်ရွက် ထားကြောင်း သိရသည်။
ုမြဝတီ

No comments:
Post a Comment