ဧဒင်အချစ်ပုံပြင်: မြုပ်နေသော သင်္ဘော အတွင်း ရေငုပ်ဝင်သူ သေဆုံး

Thursday 20 December 2012

မြုပ်နေသော သင်္ဘော အတွင်း ရေငုပ်ဝင်သူ သေဆုံး


ဟင်္သာတ ခရိုင် မြန်အောင်မြို့ မဲခင်ချောင် ကျေးရွာ ကမ်းနား ဆိပ်၌ ဒီဇင်ဘာ ၁၇ ရက် နံနက် ၉ နာရီ မိနစ် ၃၀ ခန့်က ဝမ်းပေါက်၍ နစ်မြုပ် သွားသော ကျောက်စုပ် မော်တော် အတွင်းရှိ ပစ္စည်းများ ရေငုပ် ဆယ်ယူရာ ထွက်ပေါက် ရှာမတွေ့ဘဲ လူတစ်ဦး သေဆုံး သွားကြောင်း ယင်း အခင်း ဖြစ်ပွားရာ နေရာ အနီး ဝန်းကျင်တွင် နေထိုင်သူ များက ပြောကြား သည်။

အဆိုပါ သေဆုံးသူသည် အသက် ၂၁ နှစ်အရွယ် မောင်ဦး ဆိုသူ ဖြစ်ပြီး ငါးလာချောင်း ကျေးရွာ အဖြောက်တိုက် နယ် တိုက်ကြီး မြို့တွင် နေထိုင်သူ ဖြစ်ကြောင်း၊ မဲခင်ချောင် ကျေးရွာရှိ မြစ်ကျောက် ဒိုင်မှ ရတနာထွန်း ကျောက်စုပ် မော်တော် ဖြစ်ပြီး အဆိုပါ မော်တော် ဝမ်းပေါက်၍ နစ်မြုပ် သွားခြင်းကြောင့် ပစ္စည်းများ ရေထဲ မျောပါ နေသဖြင့် မော်တော်၏ အတွင်းပိုင်းသို့ ရေငုပ် ဝင်ရင်း ထွက်ပေါက် ပျောက်ကာ သေဆုံးခြင်း ဖြစ်ကြောင်း ရွှေကျင် ရဲတပ်ဖွဲ့ စခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

____________________________________
Reference and Credit to -The Voice Weekly
by- New of Myanmar.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...